ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ မြို့မအုပ်စု ငူးပလော့ ရပ်ကွက်အလယ်ရှိ လုံခြုံရေးတပ်စခန်းအား ပြန်လည်ရုပ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။
ခမရ (၄၂၇)တပ်ရင်းမှ ၂၀၀၅ ခုနှစ်ကတည်းက နိုင်ငံရေးအခြေနေအရ ရပ်ကွက်တွင်း လုံခြုံရေးတပ်စခန်း တစ်ခုအား တည်ဆောက် ထားခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် နယ်မြေဒေသ လုံခြုံအေး ချမ်းနေပြီဖြစ်၍ တပ်စခန်းကို ဖျက်သိမ်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
" ရွာအလယ်မှာ ရှိနေတော့ ရွာကိုလုံခြုံရေး ယူပေးတာလည်း မဟုတ်ဘူး။ ရွာကပြန်ပြီးလုံခြုံရေး သူတို့ကို ယူပေးနေရသလိုဖြစ်နေတယ်။ ဒါကဒီလို အချိန်မှာ မရှိသင့်တော့ဘူး။ ကိုယ်လည်း ကိုယ့်နေရာနဲ့ကို သူလည်း သူ့နေရာကို သူပြန်နေတာ ကောင်းပါတယ် "ဟု ငူးပလော့ ရပ်ကွက်မှ ကိုတူရယ်က ပြောသည်။
ငူးပလော့ ရပ်ကွက်တွင်း လုံခြုံရေးတပ်စခန်း ဧရိယာမှာ (၁.၅)ဧကရှိပြီး ဒေသခံ ခြောက်ဦး ပိုင်ဆိုင်သော မြေနေရာများ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဖြစ်စေချင်တာက ဖြစ်နိုင်ရင် ဒီနှစ်အတွင်း ပြန်ပြီး ဖျက်သိမ်းပေးဖို့ တောင်းဆိုချင်တယ။် ပြီးတော့ (ဒကစ)နဲ့ လွှတ်တော်ဥက္ကဌကို စာတင်ပြီး တောင်းဆိုသွားမယ် ။ အရင်တခါ စာတင်သေးတယ်။ သူတို့စာပြန်လာတာက လုံခြုံရေးအရ မဖျက်သိမ်းပေးဘူးပေါ့။ အဲဒီလို စာပြန်လာတာ ရှိတယ်။ ဒါကိုကျွန်တော်တို့ လက်မခံနိုင်ဘူး"ဟု ကိုတူရယ်က ပြောသည်။
လက်ရှိတွင် အဆိုပါမြေနေရာအား ဒေသခံများအား ပြန်ပေးရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
ခမရ (၄၂၇)တပ်ရင်းမှ ၂၀၀၅ ခုနှစ်ကတည်းက နိုင်ငံရေးအခြေနေအရ ရပ်ကွက်တွင်း လုံခြုံရေးတပ်စခန်း တစ်ခုအား တည်ဆောက် ထားခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် နယ်မြေဒေသ လုံခြုံအေး ချမ်းနေပြီဖြစ်၍ တပ်စခန်းကို ဖျက်သိမ်းပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
" ရွာအလယ်မှာ ရှိနေတော့ ရွာကိုလုံခြုံရေး ယူပေးတာလည်း မဟုတ်ဘူး။ ရွာကပြန်ပြီးလုံခြုံရေး သူတို့ကို ယူပေးနေရသလိုဖြစ်နေတယ်။ ဒါကဒီလို အချိန်မှာ မရှိသင့်တော့ဘူး။ ကိုယ်လည်း ကိုယ့်နေရာနဲ့ကို သူလည်း သူ့နေရာကို သူပြန်နေတာ ကောင်းပါတယ် "ဟု ငူးပလော့ ရပ်ကွက်မှ ကိုတူရယ်က ပြောသည်။
ငူးပလော့ ရပ်ကွက်တွင်း လုံခြုံရေးတပ်စခန်း ဧရိယာမှာ (၁.၅)ဧကရှိပြီး ဒေသခံ ခြောက်ဦး ပိုင်ဆိုင်သော မြေနေရာများ ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဖြစ်စေချင်တာက ဖြစ်နိုင်ရင် ဒီနှစ်အတွင်း ပြန်ပြီး ဖျက်သိမ်းပေးဖို့ တောင်းဆိုချင်တယ။် ပြီးတော့ (ဒကစ)နဲ့ လွှတ်တော်ဥကဿကဌကို စာတင်ပြီး တောင်းဆိုသွားမယ် ။ အရင်တခါ စာတင်သေးတယ်။ သူတို့စာပြန်လာတာက လုံခြုံရေးအရ မဖျက်သိမ်းပေးဘူးပေါ့။ အဲဒီလို စာပြန်လာတာ ရှိတယ်။ ဒါကိုကျွန်တော်တို့ လက်မခံနိုင်ဘူး"ဟု ကိုတူရယ်က ပြောသည်။
လက်ရှိတွင် အဆိုပါမြေနေရာအား ဒေသခံများအား ပြန်ပေးရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း - ဆန်းဖြိုးထွန်း