တနသၤာရီတိုင္းေဒသႀကီးအစိုးရက ေဒသတြင္း သစ္ထုတ္ယူသံုးစြဲခြင့္ ပိတ္လိုက္သျဖင့္ ေဒသတြင္း နာေရးအတြက္ အသံုးျပဳေနသည့္ သစ္ရွားပါးသြားသျဖင့္ နာေရးကူညီမႈအသင္းမ်ား အခက္အခဲ ျဖစ္ေနရေၾကာင္း သိရသည္။
“ အခုက သစ္စက္ေတြကလည္း သစ္မရွိလို႔ စက္ရံုေတြ ပိတ္ထားေတာ႔ အလွဴရွင္ေတြရွား၊ သစ္ေတြကို ေစ်းႀကီးေပးၿပီး ကိုယ္တိုင္ ၀ယ္သုံး ေနရပါတယ္”ဟု ၀ဋံသကနာေရးကူညီမွဳအသင္းမွ အတြင္းေရးမွဴး ဦးခင္ေဇာ္က ေျပာသည္။
ၿမိတ္ၿမိဳ႕နယ္၊ ကလြင္ေက်းရြာအုပ္စုရွိ ဘာသာစံုသခ်ဳႋင္းတြင္ နာေရးကိစၥမ်ား ကူညီေပးေနသည့္ အသင္းအဖြဲ႕မ်ားအေနျဖင့္ အေခါင္းတလားျပဳလုပ္ရန္ သစ္ရွားပါးသျဖင့္ ေစ်းႀကီးေပးဝယ္ေနရေၾကာင္း သိရသည္။
“သစ္ေတြက အခုဆိုရင္ အရမ္းေစ်းႀကီးေနေတာ႔ ကြ်န္ေတာ္တို႔ အခမဲ႔ နာေရးကူညီမွဳအသင္းေတြ ေရရွည္မွာ အခက္အခဲေတြ အမ်ားႀကီး ျဖစ္ေပၚလာဖို႔ ရွိႏိုင္ပါတယ္။ လက္ရွိမွာ သစ္ တစ္တန္ကို (၆) သိန္းမွ (၇) သိန္းက်ပ္အထိ ေပါက္ေစ်းရွိေနတယ္”ဟု ဦးခင္ေဇာ္က ေျပာသည္။
ၿမိတ္ၿမိဳ႕နယ္တြင္ လစဥ္ လူဦးေရ ေသဆံုးမွဳမွာ (၅၀) မွ (၁၀၀) ဦးနီးပါးခန္႔ရွိေၾကာင္း နာေရးကိစၥမ်ားအား ကူညီေဆာင္ရြက္ေပးေနသူ ပရဟိတအသင္းမ်ားမွ သိရသည္။
သတင္း - ေဇာ္ေဇာ္
တနင်္သာရီတိုင်းဒေသကြီးအစိုးရက ဒေသတွင်း သစ်ထုတ်ယူသုံးစွဲခွင့် ပိတ်လိုက်သဖြင့် ဒေသတွင်း နာရေးအတွက် အသုံးပြုနေသည့် သစ်ရှားပါးသွားသဖြင့် နာရေးကူညီမှုအသင်းများ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။
“ အခုက သစ်စက်တွေကလည်း သစ်မရှိလို့ စက်ရုံတွေ ပိတ်ထားတော့ အလှူရှင်တွေရှား၊ သစ်တွေကို ဈေးကြီးပေးပြီး ကိုယ်တိုင် ဝယ်သုံး နေရပါတယ်”ဟု ဝဋံသကနာရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဦးခင်ဇော်က ပြောသည်။
မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စုရှိ ဘာသာစုံသင်္ချိုင်းတွင် နာရေးကိစ္စများ ကူညီပေးနေသည့် အသင်းအဖွဲ့များအနဖြေင့် အခေါင်းတလားပြုလုပ်ရန် သစ်ရှားပါးသဖြင့် ဈေးကြီးပေးဝယ်နေရကြောင်း သိရသည်။
“သစ်တွေက အခုဆိုရင် အရမ်းဈေးကြီးနေတော့ ကျွန်တော်တို့ အခမဲ့ နာရေးကူညီမှုအသင်းတွေ ရေရှည်မှာ အခက်အခဲတွေ အများကြီး ဖြစ်ပေါ်လာဖို့ ရှိနိုင်ပါတယ်။ လက်ရှိမှာ သစ် တစ်တန်ကို (၆) သိန်းမှ (၇) သိန်းကျပ်အထိ ပေါက်ဈေးရှိနေတယ်”ဟု ဦးခင်ဇော်က ပြောသည်။
မြိတ်မြို့နယ်တွင် လစဉ် လူဦးရေ သေဆုံးမှုမှာ (၅၀) မှ (၁၀၀) ဦးနီးပါးခန့်ရှိကြောင်း နာရေးကိစ္စများအား ကူညီဆောင်ရွက်ပေးနေသူ ပရဟိတအသင်းများမှ သိရသည်။
သတင်း - ဇော်ဇော်