(တင္ရန္) ေက်ာက္မဲ၌ ႏို၀င္ဘာလ၏ လ၀က္ကာလအတြင္း မူးယစ္ေဆး၀ါး (၄)ႀကိမ္ ဖမ္းဆီးရမိ

(တင္ရန္) ေက်ာက္မဲ၌ ႏို၀င္ဘာလ၏ လ၀က္ကာလအတြင္း မူးယစ္ေဆး၀ါး (၄)ႀကိမ္ ဖမ္းဆီးရမိ
နိုဝင်ဘာ 17, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္ ႏို၀င္ဘာလ၏ လ၀က္ကာလအတြင္း မူးယစ္ေဆး၀ါး (၄)ႀကိမ္ေျမာက္ ဖမ္းဆီးရရွိမႈတြင္ ဘိန္းၿဖဴ ႏွင့္ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ရဲစခန္းက သိရသည္။

"အမႈနဲ႔ ပက္သက္ၿပီး အိမ္ရွင္အပါအ၀င္ အမ်ဳိးသား (၄)ဦးကို အမႈဖြင့္ အေရးယူ ထားပါတယ္၊ ရွာေဖြ ဖမ္းဆီးေပးတာက ရဲအုပ္မင္းမင္းနဲ႔အဖြဲ႕ပါ"ဟု ေက်ာက္မဲၿမိဳ႕နယ္ရဲစခန္း မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ႏို၀င္ဘာလ(၁၆)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲ၀န္းက်င္က ေက်ာက္မဲၿမိဳ႕နယ္ အမွတ္(၇)ရပ္ကြက္ရွိ ေက်ာ္ခိုင္၏ ေနအိမ္အား သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားမွ ၀င္ေရာက္စစ္ေဆးရွာေဖြရာမွ အိမ္ရွင္ ေက်ာ္ခိုင္ အပါအ၀င္ အမ်ဳိးသား (၄)ဦးႏွင့္အတူ စိတ္ၾကြေဆးျပား (၃,၉၄၇)ျပား ႏွင့္ ဘိန္းၿဖဳအမႈန္႔ (၁၁၁.၇)ဂရမ္တို႔ကို ရွာေဖြေတြ႕ရွိရျခင္း ျဖစ္သည္။

"ဒီထက္မ်ားမ်ား ဖမ္းႏိုင္ရင္ ပိုေကာင္းတာေပါ့ ခုေနာက္ပိုင္း ရဲေတြ အလုပ္ ေတာ္ေတာ္လုပ္လာ ၾကတာ ေတြ႔တယ္၊ ျပည္သူေတြလည္း အျပစ္ရွာ ၿပီး လူမႈကြန္ရက္ေတြမွာ ေလွ်ာက္ေရးေနမယ့္ အစား သတင္းရရင္ ရဲကို တိုင္တန္းတာ ပိုေကာင္းမယ္လို႔ ထင္တယ္"ဟု ေက်ာင္းဆရာမ တစ္ဦး က မွတ္ခ်က္ျပဳသည္။

အဆိုပါ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ေတြ႔ရွိရသည့္ အမိ်ဳးသား (၄)ဦးအား (ပ)၆၅/ ၂၀၁၆ ႏွင့္ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၁၅ / ၁၉ ( က ) ၂၁ ျဖင့္ ေက်ာက္မဲၿမိဳ႕နယ္ရဲစခန္းတြင္ အေရးယူ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္တြင္ ၂၀၁၆ ခုႏွစ္အတြင္း ရဲႏွင့္ျပည္သူပူးေပါင္းပါဝင္မႈ ပိုမိုမ်ားျပားလာၿပီးေနာက္ မူးယစ္ေဆးဝါးမ်ားပိုမို ဖမ္းဆီးလာႏိုင္ခ့ဲၿပီး ႏွစ္စမွ ယခုအခ်ိန္ထိ (၆၅)ႀကိမ္ ဖမ္းဆီးႏိုင္ခ့ဲေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ရဲစခန္းမွ ရဲအရာရွိတစ္ဦးထံက သိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် နိုဝင်ဘာလ၏ လဝက်ကာလအတွင်း မူးယစ်ဆေးဝါး (၄)ကြိမ်မြောက် ဖမ်းဆီးရရှိမှုတွင် ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း ကျောက်မဲမြို့နယ်ရဲစခန်းက သိရသည်။

"အမှုနဲ့ ပက်သက်ပြီး အိမ်ရှင်အပါအဝင် အမျိုးသား (၄)ဦးကို အမှုဖွင့် အရေးယူ ထားပါတယ်၊ ရှာဖွေ ဖမ်းဆီးပေးတာက ရဲအုပ်မင်းမင်းနဲ့အဖွဲ့ပါ"ဟု ကျောက်မဲမြို့နယ်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက ပြောသည်။

နိုဝင်ဘာလ(၁၆)ရက်နေ့ နေ့လယ်(၁)နာရီခွဲဝန်းကျင်က ကျောက်မဲမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ကျော်ခိုင်၏ နေအိမ်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးရှာဖွေရာမှ အိမ်ရှင် ကျော်ခိုင် အပါအဝင် အမျိုးသား (၄)ဦးနှင့်အတူ စိတ်ကြွဆေးပြား (၃,၉၄၀)ပြား နှင့် ဘိန်းဖြုအမှုန့် (၁၁၁)ဂရမ်ခန့်တို့ကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်သည်။

"ဒီထက်များများ ဖမ်းနိုင်ရင် ပိုကောင်းတာပေါ့ ခုနောက်ပိုင်း ရဲတွေ အလုပ် တော်တော်လုပ်လာ ကြတာ တွေ့တယ်၊ ပြည်သူတွေလည်း အပြစ်ရှာ ပြီး လူမှုကွန်ရက်တွေမှာ လျှောက်ရေးနေမယ့် အစား သတင်းရရင် ရဲကို တိုင်တန်းတာ ပိုကောင်းမယ်လို့ ထင်တယ်"ဟု ကျောင်းဆရာမ တစ်ဦး က မှတ်ချက်ပြုသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် အမျိုးသား (၄)ဦးအား (ပ)၆၅/ ၂၀၁၆ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅ / ၁၉ ( က ) ၂၁ ဖြင့် ကျောက်မဲမြို့နယ်ရဲစခန်းတွင် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း ရဲနှင့်ပြည်သူပူးပေါင်းပါဝင်မှု ပိုမိုများပြားလာပြီးနောက် မူးယစ်ဆေးဝါးများပိုမို ဖမ်းဆီးလာနိုင်ခဲ့ပြီး နှစ်စမှ ယခုအချိန်ထိ (၆၅)ကြိမ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်မဲမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးထံက သိရှိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~