ကယားျပည္နယ္ ရဲတပ္ဖြဲ႕၏ ရဲတပ္သား လိုအပ္ခ်က္ႏွင့္ ဥပေဒစိုးမိုးေရး၊ နယ္ေျမလုံျခံဳေရး လုပ္ငန္းမ်ား ထိေရာက္စြာ လုပ္ေဆာင္ႏိုင္ရန္ ၿမိဳ႕နယ္အသီးသီးမွ အသစ္ေခၚယူထားေသာ ရဲတပ္သားသစ္ (၁၂၄)ဦး အတည္ျပဳေရြးခ်ယ္ၿပီး သင္တန္းစတင္ ပို႔ခ်ေနေၾကာင္း သိရသည္။
"ျပည္နယ္တြင္းရွိ လူငယ္မ်ားအတြက္ အလုပ္ကိုင္အခြင့္လမ္းတစ္ခု႐ွိလာၿပီး ျပည္နယ္တြင္း တရားဥပေဒ စိုးမိုးေရး ႏွင့္ နယ္ေျမလုံျခံဳေရး ကိစၥရပ္မ်ားကို ယခင္ကထက္ပိုမို ေဆာင္ရြက္လာ ႏိုင္ရန္ ယခုကဲ့သို႔ ေဆာင္ရြက္ရျခင္း ျဖစ္ေၾကာင္း" ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိက ေျပာသည္။
" ေဒသခံလူငယ္လူရြယ္ေတြကို အလုပ္အကိုင္ အခြင့္အလမ္းရရွိေအာင္ စီမံေဆာင္ရြက္ေပးႏိုင္တာေၾကာင့္ ေဒသရဲ႕လံုၿခံဳမႈနဲ႔ တရားဥပေဒစိုးမိုးေရးတာ၀န္ေတြကို အရင္ ကထက္ အင္အား ျပည့္ပိုမို ေဆာင္ရြက္ လာႏိုင္မွာ ျဖစ္ygတယ္ "ဟု ရဲတပ္သားသစ္ သင္တန္း ဖြင့္ပြဲတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အယ္လ္ေဖာင္းရိႈက ေျပာၾကားသည္။
ရဲတပ္သားသစ္မ်ားအေနျဖင့္ ကယားျပည္နယ္တြင္း တာဝန္္ထမ္းေဆာင္ရမွာျဖစ္ၿပီး လိြဳင္ေကာ္ၿမိဳ႕နယ္ မွ သင္တန္းသား (၄၆)ဦး၊ ဒီးေမာ့ဆိုၿမိဳ႕နယ္မွ (၂၆)ဦး ၊ ဖ႐ူဆိုၿမိဳ႕နယ္မွ (၁၀)ဦး၊ ရွားေတာၿမိဳ႕နယ္မွ (၆)ဦး၊ ေဘာလခဲၿမိဳ႕နယ္မွ (၁၈)ဦး၊ ဖားေဆာင္းၿမိဳ႕နယ္မွ (၇)ဦး၊ မယ္စဲ့ၿမိဳ႕နယ္မွ (၁၁)ဦး စုစုေပါင္းသင္တန္းသား (၁၂၄)ဦး တတ္ေရာက္ေနၾကေၾကာငး္ သိရသည္။
ရဲတပ္သားသစ္ သင္တန္း ဖြင့္လွစ္ရန္ အတြက္ ျပည္နယ္တြင္းမွ ေဒသခံမ်ားကိုသာ စိစစ္ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ၿပီး သင္တန္းေဆာင္ ေဆာက္လုပ္ရန္အတြက္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္မွ ေငြက်ပ္(၁၅)သိန္း ေထာက္ပံ့သည့္အျပင္ သင္တန္းသားမ်ားအတြက္ အိပ္ေဆာင္ ႏွင့္ လိုအပ္သည့္ ေထာက္ပံ႔မႈမ်ား ျပဳလုပ္ေပးသြားမည္ဟု သိရသည္။
သတင္း - ဆန္းၿဖဳိးထြန္း
"ပြည်နယ်တွင်းရှိ လူငယ်များအတွက် အလုပ်ကိုင်အခွင့်လမ်းတစ်ခုရှိလာပြီး ပြည်နယ်တွင်း တရားဥပဒေ စိုးမိုးရေး နှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များကို ယခင်ကထက်ပိုမို ဆောင်ရွက်လာ နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း" ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။
" ဒေသခံလူငယ်လူရွယ်တွေကို အလုပ်အကိုင် အခွင့်အလမ်းရရှိအောင် စီမံဆောင်ရွက်ပေးနိုင်တာကြောင့် ဒေသရဲ့လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးရေးတာဝန်တွေကို အရင် ကထက် အင်အား ပြည့်ပိုမို ဆောင်ရွက် လာနိုင်မှာ ဖြစ်ygတယ် "ဟု ရဲတပ်သားသစ် သင်တန်း ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုက ပြောကြားသည်။
ရဲတပ်သားသစ်များအနဖြေင့် ကယားပြည်နယ်တွင်း တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး လွိုင်ကော်မြို့နယ် မှ သင်တန်းသား (၄၆)ဦး၊ ဒီးမော့ဆိုမြို့နယ်မှ (၂၆)ဦး၊ ဖရူဆိုမြို့နယ်မှ (၁၀)ဦး၊ ရှားတောမြို့နယ်မှ (၆)ဦး၊ ဘောလခဲမြို့နယ်မှ (၁၈)ဦး၊ ဖားဆောင်းမြို့နယ်မှ (၇)ဦး၊ မယ်စဲ့မြို့နယ်မှ (၁၁)ဦး စုစုပေါင်းသင်တန်းသား (၁၂၄)ဦး တတ်ရောက်နကြေကြောငး် သိရသည်။
ရဲတပ်သားသစ် သင်တန်း ဖွင့်လှစ်ရန် အတွက် ပြည်နယ်တွင်းမှ ဒေသခံများကိုသာ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းဆောင် ဆောက်လုပ်ရန်အတွက် ကယားပြည်နယ် ဝန်ကြီးချုပ်မှ ငွေကျပ်(၁၅)သိန်း ထောက်ပံ့သည့်အပြင် သင်တန်းသားများအတွက် အိပ်ဆောင် နှင့် လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဟု သိရသည်။
သတင်း - ဆန်းဖြိုးထွန်း