စားသောက်ကုန် ပစ္စည်းများကို စားသုံးရန် သင့်မသင့် ဓာတ်ခွဲရန်အတွက် လက်ရှိအခြေအနေ အရ ပစ္စည်းတစ်မျိုးအား စစ်ဆေးရန်အတွက် လနှင့်ချီ၍ ကြာသဖြင့် စစ်ဆေးရန် အခက်အခဲများရှိနေရာ ရောင်းချသူများ အနေဖြင့် ထောက်ခံချက်ရှိပြီး စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချရန် စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က အကြံပြုလိုက်ပြီး ယခုပထမဆုံးအကြိမ် စစ်ဆေးမှုမှ စားသုံးရန် မသင့်ကြောင်း တွေ့ရှိရသည့် စားသောက်ကုန်အချို့ကို သိမ်းဆည်းခိုင်းကာ ပညာပေးနှင့် သတိပေးမှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ဦးသန်းစိုး
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် စားသောက်ကုန်များအား ပထမဆုံးအကြိမ် စစ်ဆေးခြင်းအဖြစ် နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက်(၈)နာရီအချိန်က စတင်ဆောင်ရွက်ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့က ဈေးကွက်အတွင်းမှာ ပထမဆုံးကွင်းဆင်းစစ်ဆေးခဲ့တဲ့အခါမှာ တရုတ်မုန့်၊ နောက်တစ်ခါ တရုတ်ကထုတ်တဲ့ ငုံးဥတို့၊ ကြက်သဲတို့ ဒါမျိုးတွေကိုတော့ ချက်ချင်းသိမ်းခိုင်းလိုက်တယ်။ နောက်မရောင်းဖို့လည်း သတိပေးထားတယ်။“ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ဦးသန်းစိုးက Tachileik News Agency သို့ ပြောသည်။
စားသောက်ကုန် ပစ္စည်းများကို စားသုံးရန် သင့်မသင့် ဓာတ်ခွဲရန်အတွက် လက်ရှိအခြေအနေ အရ ပစ္စည်းတစ်မျိုးအား စစ်ဆေးရန်အတွက် လနှင့်ချီ၍ ကြာသဖြင့် စစ်ဆေးရန် အခက်အခဲများရှိနေရာ ရောင်းချသူများ အနဖြေင့် ထောက်ခံချက်ရှိပြီး စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချရန် စားသုံးသူရေးရာ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က အကြံပြုလိုက်ပြီး ယခုပထမဆုံးအကြိမ် စစ်ဆေးမှုမှ စားသုံးရန် မသင့်ကြောင်း တွေ့ရှိရသည့် စားသောက်ကုန်အချို့ကို သိမ်းဆည်းခိုင်းကာ ပညာပေးနှင့် သတိပေးမှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ဦးသန်းစိုး