ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) တာခ်ီလိတ္ၿမိဳ ့တြင္ ေရႊမန္းခ်မ္းသာ ဦးေဆာင္သည့္ သစၥာေမတၱာ ေရႊမန္း သဘင္မွ မသန္စြမ္း တပ္မေတာ္သားမ်ားအတြက္ ရန္ပုံေငြပြဲအျဖစ္ ႏို၀င္ဘာလ(၁၉)ရက္ေန ့မွ စတင္ကာ
(၁၀)ညတိုင္တိုင္ ကျပေဖ်ာ္ေျဖသြားမည္ ျဖစ္ေၾကာင္းသိရသည္။
"ဒီမွာ လာကတာက မသန္စြမ္း တပ္မေတာ္သားေတြရဲ ့ ရန္ပုံေငြအျဖစ္ ရည္ရြယ္ျပီးေတာ့ လာကရျခင္းျဖစ္ပါတယ္။ ဒီကရတဲ့ အက်ိဳးအျမတ္ေတြကို ေနျပည္ေတာ္မွာရိွတဲ့ ျမန္မာႏိုင္ငံ မသန္စြမ္း အားကစားအဖြဲ႕ခ်ဳပ္ကို လွဴဒါန္းသြားမွာပါ။ ေငြေၾကးပမာဏကို သတ္မွတ္ထားတာေတာ့ မရိွပါဘူး။"ဟု သစၥာေမတၱာ ေရႊမန္းသဘင္၏ မန္ေနဂ်ာျဖစ္သူ ကိုေဇာ္၀င္းက Tachileik News Agency သို႔ ေျပာသည္။
ပြဲအတြင္းတြင္ ျမန္မာ့ရိုးရာ အကအလွမ်ားအျပင္ ေခတ္လူငယ္မ်ားအႀကိဳက္ စတိတ္ရိႈးမ်ားႏွင့္ အလကၤာေက်ာ္စြာ ေရႊမန္းတင္ေမာင္ ကခဲ့သည့္ ေအာ္ပရာႀကီးမ်ားကို ျပန္လည္ဆန္းသစ္ကာ ကျပ ေဖ်ာ္ေျဖသြားမည္ျဖစ္ၿပီး လက္မွတ္ခမ်ားအျဖစ္ အထူးတန္းအတြက္ ဘတ္(၃၀၀)၊ အလယ္တန္းအတြက္ ဘတ္(၂၀၀)ႏွင့္ ရိုးရိုးတန္းအတြက္ ဘတ္(၁၀၀) သတ္မွတ္ထားေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို ့ ရွမ္း(အေရွ ့)ကိုလာတာ ဒါပထမဆုံးအၾကိမ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို ့အေနနဲ ့ နယ္ေျမအသစ္ကို လာရတဲ့အတြက္ အရမ္းရင္ခုန္ရပါတယ္။ ဖိုးခ်စ္ကေတာ့ ႏွစ္ေၾကာ့၀င္သြားၿပီေပါ့။ ေခတ္ကာလအရကလည္း ဖိုးခ်စ္ကေတာ့ ပိုၿပီးေတာ့ လူၾကိဳက္မ်ားၾကတာေပါ့။ ကၽြန္ေတာ္တို ့ကလည္း ပရိသတ္နဲ ့ေတာ့ မစိမ္းပါဘူး။ ဒါေပမဲ့ ေရႊမန္းခ်မ္းသာဆိုတာ ဘယ္လိုလည္းဆိုတာကေတာ့ ဒီကပရိသတ္ေတြ ေစာင့္ၾကည့္အုံးမွာေပါ့။"ဟု ၎ကဆိုသည္။
တာခ်ီလိတ္ၿမိဳ ့တြင္ ႏို၀င္ဘာလ(၁၉)ရက္ေန ့မွ (၂၈)ရက္ေန ့အထိ (၁၀)ညတိုင္တိုင္ ကျပေဖ်ာ္ေျဖသြားမည့္ သစၥာေမတၱာ ေရႊမန္းသဘင္ကို မင္းသားႀကီး ေရႊမန္းခ်မ္းသာႏွင့္ မင္းသားငယ္မ်ားျဖစ္ေသာ ခ်စ္စြမ္းသာ၊ ၾသရေအာင္ႏွင့္ စြမ္းညီညီတို ့မွ ပါ၀င္ တင္ဆက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဇြဲျမတ္
(၁၀)ညတိုင်တိုင် ကပြဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။
"ဒီမှာ လာကတာက မသန်စွမ်း တပ်မတော်သားတွေရဲ့ ရန်ပုံငွေအဖြစ် ရည်ရွယ်ပြီးတော့ လာကရခြင်းဖြစ်ပါတယ်။ ဒီကရတဲ့ အကျိုးအမြတ်တွေကို နပြေည်တော်မှာရှိတဲ့ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်ကို လှူဒါန်းသွားမှာပါ။ ငွေကြေးပမာဏကို သတ်မှတ်ထားတာတော့ မရှိပါဘူး။"ဟု သစ္စာမေတ္တာ ရွှေမန်းသဘင်၏ မန်နေဂျာဖြစ်သူ ကိုဇော်ဝင်းက Tachileik News Agency သို့ ပြောသည်။
ပွဲအတွင်းတွင် မြန်မာ့ရိုးရာ အကအလှများအပြင် ခေတ်လူငယ်များအကြိုက် စတိတ်ရှိုးများနှင့် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ကခဲ့သည့် အော်ပရာကြီးများကို ပြန်လည်ဆန်းသစ်ကာ ကပြ ဖျော်ဖြေသွားမည်ဖြစ်ပြီး လက်မှတ်ခများအဖြစ် အထူးတန်းအတွက် ဘတ်(၃၀၀)၊ အလယ်တန်းအတွက် ဘတ်(၂၀၀)နှင့် ရိုးရိုးတန်းအတွက် ဘတ်(၁၀၀) သတ်မှတ်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ ရှမ်း(အရှေ့)ကိုလာတာ ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နယ်မြေအသစ်ကို လာရတဲ့အတွက် အရမ်းရင်ခုန်ရပါတယ်။ ဖိုးချစ်ကတော့ နှစ်ကြော့ဝင်သွားပြီပေါ့။ ခေတ်ကာလအရကလည်း ဖိုးချစ်ကတော့ ပိုပြီးတော့ လူကြိုက်များကြတာပေါ့။ ကျွန်တော်တို့ကလည်း ပရိသတ်နဲ့တော့ မစိမ်းပါဘူး။ ဒါပေမဲ့ ရွှေမန်းချမ်းသာဆိုတာ ဘယ်လိုလည်းဆိုတာကတော့ ဒီကပရိသတ်တွေ စောင့်ကြည့်အုံးမှာပေါ့။"ဟု၎င်းကဆိုသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၁၉)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၁၀)ညတိုင်တိုင် ကပြဖျော်ဖြေသွားမည့် သစ္စာမေတ္တာ ရွှေမန်းသဘင်ကို မင်းသားကြီး ရွှေမန်းချမ်းသာနှင့် မင်းသားငယ်များဖြစ်သော ချစ်စွမ်းသာ၊ သြရအောင်နှင့် စွမ်းညီညီတို့မှ ပါဝင် တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်