တာချီလိတ်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကို ယနေ့ နိုဝင်ဘာလ (၁၉)ရက် နံနက်(၉)နာရီမှ (၁၀)နာရီအထိ ပြုလုပ်ခဲ့ကြောင်း နှင့် ယခုလို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု မျိုးသည် တာချီလိတ်၌ ပထမဆုံးဖြစ်ကြောင်း သိရသည်။
"ပြည်ထောင်စုမြေကို ထိပါးစော်ကားတဲ့၊ တိုင်းရင်းသားလူမျိုးတွေ ဒုက္ခရောက်နေတဲ့၊ အသက်တွေ ပေးလှူနေရတဲ့ ကိစ္စကို၊ ဘာလို့ ရေငုံပြီးတော့ နေနေကြတာလဲ၊ အဲ့ဒါကို ကျွန်တော်က မခံချင်လို့ တစ်နိုင်ငံလုံးကို သိစေချင်တဲ့ အတွက်၊ ပြည်ထောင်စုမြေမှာ အကြမ်းဖက်သမား လုံးဝမရှိစေချင်တဲ့အတွက် ကျွန်တော်အခုလို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်"ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးမောင်တင်မြင့်က Tachileik News Agency သို့ ပြောသည်။
တာချီလိတ်မြို့တွင် ယခင်က လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ ရှိခဲ့သော်လည်း ယခုလို တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ
"ပြည်ထောင်စုမြေကို ထိပါးစော်ကားတဲ့၊ တိုင်းရင်းသားလူမျိုးတွေ ဒုက္ခရောက်နေတဲ့၊ အသက်တွေ ပေးလှူနေရတဲ့ ကိစ္စကို၊ ဘာလို့ ရေငုံပြီးတော့ နေနကြေတာလဲ၊ အဲ့ဒါကို ကျွန်တော်က မခံချင်လို့ တစ်နိုင်ငံလုံးကို သိစေချင်တဲ့ အတွက်၊ ပြည်ထောင်စုမြေမှာ အကြမ်းဖက်သမား လုံးဝမရှိစေချင်တဲ့အတွက် ကျွန်တော်အခုလို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်"ဟု တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူ ဦးမောင်တင်မြင့်က Tachileik News Agency သို့ ပြောသည်။
ဆန္ဒထုတ်ဖော်ရာ၌ "ပြည်ထောင်စုမြေပေါ်တွင် အစွန်းရောက်အကြမ်းဖက်သမား(လုံးဝ)မရှိစေရ။ အကြမ်းဖက်ဝါဒ(လုံးဝ)အမြစ်မတွယ်စေရ။ အနောက်တံခါးစောင့်သူများကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းရံပါ။ လူနည်းစု တိုင်းရင်းသားများဒုက္ခဖေးကူပါ။"စာတမ်းပါ ဗီနိုင်းပိုစတာကို ကိုင်ဆောင်ကို ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်သူ၏ အမည်မှာ ဦးမောင်တင်မြင့်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ယခင်က လူစုလေူဝးဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ ရှိခဲ့သော်လည်း ယခုလို တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ