တရုတ္ - ျမန္မာနယ္စပ္ကုန္သြယ္ေရးဇုန္ မူဆယ္ ၁၀၅ မိုင္တြင္ ပစ္ခတ္မႈျဖစ္ပြား

တရုတ္ - ျမန္မာနယ္စပ္ကုန္သြယ္ေရးဇုန္ မူဆယ္ ၁၀၅ မိုင္တြင္ ပစ္ခတ္မႈျဖစ္ပြား
နိုဝင်ဘာ 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း တရုတ္ - ျမန္မာနယ္စပ္ကုန္သြယ္ေရးဇုန္ မူဆယ္ ၁၀၅ မိုင္တြင္ လက္နက္ကိုင္ အဖြဲ႕တစ္ခုက ပစ္ခတ္မႈေၾကာင့္ ႏိုဝင္ဘာလ (၂၀)ရက္ နံနက္ (၅)နာရီမွစ၍ တုိက္ပြဲမ်ား ျဖစ္ပြားေနေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

“မနက္ (၅)နာရီေလာက္က စျဖစ္တာခင္ဗ်။ အခုေတာ့ စစ္တပ္နဲ႔ ကၽြန္ေတာ္တို႔ရဲတပ္ဖြဲ႕ သြားေနပါတယ္။ ေလာေလာဆယ္ေတာ့ ဒီေလာက္ပဲ အတည္ျပဳလို႔ရပါေသးတယ္” ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ တာဝန္းမႈးက Tachileik News Agency သို႔ ေျပာသည္။

ေဒသသတင္းမ်ားအရ ႏိုဝင္ဘာလ (၂၀)ရက္ နံနက္ (၄)နာရီမွ စတင္၍ မူဆယ္ (၁၀၅)မိုင္ ကုန္သြယ္ေရး စခန္းႏွင့္ ၁၀၅ မိုင္စခန္းကုန္းအား တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မွ စတင္တိုက္ခိုက္ခ့ဲျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကားေတြကို နမ့္ေပါ့တံတားရဲ႕ဒီဘက္မွာ ပေလာင္အဖြဲ႕က ေသာ့ေတြျဖဳတ္ယူသြားပါတယ္။ နမ္ေပါ့တံတား က်ိဳးသြားၿပီး ရဲကင္းလည္း မီးေလာင္ထားပါတယ္။ ကၽြန္ေတာ္တို႔ မူဆယ္နဲ႕ ကြတ္ခိုင္ၾကားမွာ ပိတ္မိေနတယ္”ဟု သစ္သီးတင္ေဆာင္သြားသည့္ ၁၂ ဘီး ကားယာဥ္ေမာင္းတစ္ဦးကေျပာသည္။

လက္ရိွတြင္ အနီးဝန္းက်င္ေဒသမ်ားတြင္လည္း လံုၿခံဳေရးတိုးျမႇင့္ထားၿပီး တိုက္ခိုက္သည့္အဖြဲ႕ကိုမူ အတည္မျပဳႏုိင္ေသးေၾကာင္း ေဒသတာဝန္ရိွသူမ်ားထံမွ သိရသည္။

“လက္ရိွကေတာ့ ကုန္သြယ္ေရးလမ္းေၾကာင္းဘက္က အေျခအေနေတြကို သတင္းရယူ အတည္ျပဳေနရဆဲ ျဖစ္ပါတယ္”ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္/ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ျဖစ္သူ ဦးမင္းေအာင္က Tachileik News Agencyသို႔ ေျပာသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ် ၁၀၅ မိုင်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ (၂၀)ရက် နံနက် (၅)နာရီမှစ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။

“မနက် (၅)နာရီလောက်က စဖြစ်တာခင်ဗျ။ အခုတော့ စစ်တပ်နဲ့ ကျွန်တော်တို့ရဲတပ်ဖွဲ့ သွားနေပါတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ အတည်ပြုလို့ရပါသေးတယ်” ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်းမှုးက Tachileik News Agency သို့ ပြောသည်။

ဒေသသတင်းများအရ နိုဝင်ဘာလ (၂၀)ရက် နံနက် (၄)နာရီမှ စတင်၍ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး စခန်းနှင့် ၁၀၅ မိုင်စခန်းကုန်းအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကားတွေကို နမ့်ပေါ့တံတားရဲ့ဒီဘက်မှာ ပလောင်အဖွဲ့က သော့တွဖြေုတ်ယူသွားပါတယ်။ နမ်ပေါ့တံတား ကျိုးသွားပြီး ရဲကင်းလည်း မီးလောင်ထားပါတယ်။ ကျွန်တော်တို့ မူဆယ်နဲ့ ကွတ်ခိုင်ကြားမှာ ပိတ်မိနေတယ်”ဟု သစ်သီးတင်ဆောင်သွားသည့် ၁၂ ဘီး ကားယာဉ်မောင်းတစ်ဦးကပြောသည်။

လက်ရှိတွင် အနီးဝန်းကျင်ဒေသများတွင်လည်း လုံခြုံရေးတိုးမြှင့်ထားပြီး တိုက်ခိုက်သည့်အဖွဲ့ကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေသတာဝန်ရှိသူများထံမှ သိရသည်။

“လက်ရှိကတော့ ကုန်သွယ်ရေးလမ်းကြောင်းဘက်က အခြေအနေတွေကို သတင်းရယူ အတည်ပြုနေရဆဲ ဖြစ်ပါတယ်”ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်/ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်ဖြစ်သူ ဦးမင်းအောင်က Tachileik News Agencyသို့ ပြောသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~