တာခ်ီလိတ္၌ ဒုတိယအႀကိမ္အျဖစ္ ပရဟိတကေလးမ်ား ရန္ပံုေငြအတြက္ EASTERN EAGLE MC မွ ႀကီးမွဴး၍ အာဆီယံေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ားေတြ႕ဆံုအား (၂)ရက္တိတိ က်င္းပျပဳလုပ္မည္ျဖစ္ရာ ဆိုင္ခန္းေနရာမ်ားကို ႀကိဳတင္၍ ေရာင္းခ်ေပးေနၿပီ ျဖစ္ေၾကာင္း သိရသည္။
EASTERN EAGLE MC မွ က်င္းပျပဳလုပ္မည့္ အာဆီယံေမာ္ေတာ္ဆိုင္ကယ္ ကလပ္မ်ားေတြ႕ဆံုအား ၂၀၁၆ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔မွ ဒီဇင္ဘာလ(၁၁)ရက္ေန႔အထိ (၂)ရက္တိုင္တိုင္ တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း၌ ျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္အတြင္း အာဆီယံႏိုင္ငံအတြင္းရွိ ေမာ္ေတာ္ဆိုင္ကယ္ကလပ္ေပါင္းစံုမွ ႏိုင္ငံျခားသား (၁၀၀၀)ေက်ာ္ ႏွင့္ ျပည္တြင္းမွ ေမာ္ေတာ္ဆိုင္ကယ္ကလပ္မ်ားလည္း လာေရာက္ၾကမည္ျဖစ္သည္။
ပြဲေတာ္(၂)ရက္တာအတြင္း စားေသာက္ဆိုင္မ်ားႏွင့္၊ တိုင္းရင္းသားအ၀တ္အထည္ဆိုင္မ်ား၊ ရိုးရာပစၥည္းအေရာင္းဆိုင္မ်ား လာေရာက္ဖြင့္လွစ္ႏိုင္ရန္အတြက္ ဆိုင္ခန္းေနရာမ်ားကို သီးျခားစီျပဳလုပ္၍ သတ္မွတ္ထားရွိကာ ေရာင္းခ်ေပးေနၿပီျဖစ္ၿပီး ႀကိဳတင္စာရင္းေပးသြင္းရန္ ၀ယ္ယူထားရွိရန္ လိုအပ္ေၾကာင္း သိရသည္။
ဆိုင္ခန္းမ်ားကို ဇုန္(A,B,C,D)ဟူ၍ ဇုန္(၄)ဇုန္ ခြဲျခားသတ္မွတ္ထားၿပီး ဇုန္(A ႏွင့္ B)သည္ အစားအေသာက္မ်ား ေရာင္းခ်ႏိုင္ရန္ ေနရာျဖစ္ၿပီး၊ ဇုန္(C)သည္ ဆိုင္ကယ္ပစၥည္းမ်ား ေရာင္းခ်ႏိုင္ရန္အတြက္ၿဖစ္၍ဇုန္(D)သည္ ရိုးရာအ၀တ္အထည္မ်ား ႏွင့္ အမွတ္တရပစၥည္းမ်ား ေရာင္းခ်ႏိုင္ရန္ခြဲျခား သတ္မွတ္ေပးထားျခင္း ျဖစ္သည္။
ဇုန္(A ႏွင့္ B)ရွိ ဆိုင္ခန္းမ်ား၏ အက်ယ္အ၀န္းမွာ 2.4mx2.4m ရွိၿပီး၊ ဇုန္(C ႏွင့္ D)ရွိ ဆိုင္ခန္းမ်ား၏ အက်ယ္အ၀န္းမွာ 4mx4m ရွိရာ ဇုန္(A ႏွင့္ B)အား ပြဲေတာ္(၂)ရက္တာအတြက္ ဘတ္(၃၀၀၀) သတ္မွတ္ထားကာ ဇုန္(C ႏွင့္ D)ရွိ ဆိုင္ခန္းမ်ားအား ပြဲေတာ္(၂)ရက္တာအတြက္ ဘတ္(၅၀၀၀)သတ္မွတ္ထားေၾကာင္း သိရသည္။
အဆိုပါ ပြဲေတာ္အတြင္း မေလးရွားႏွင့္အင္ဒိုနီးရွားမွလာေသာ ဧည့္သည္မ်ားသည္ အစၥလာမ္ဘာသာ၀င္မ်ား ျဖစ္ၾကေသာေၾကာင့္ ၎တို႔၀ယ္ယူစားေသာက္ႏိုင္ရန္ အစၥလာမ္ဘာသာ၀င္မ်ား၏ စားေသာက္ဆိုင္မ်ားလည္း လာေရာက္ ဖြင့္လွစ္ေရာင္းခ်ေပးႏိုင္ရန္အတြက္ ဇုန္(A)ကို သတ္မွတ္ေပးထားေၾကာင္း သိရသည္။
"ပြဲေတာ္ (၂)ရက္စာအတြက္ အစားအေသာက္ ဆိုင္ခန္းေတြကို ဘတ္(၃၀၀၀) နဲ႔ ဆိုင္ကယ္ပစၥည္းဆိုင္နဲ႔ အ၀တ္အထည္ ရိုးရာပစၥည္း၊ အမွတ္တရပစၥည္း ဆိုင္ခန္းေတြကိုေတာ့ ဘတ္(၅၀၀၀)သတ္မွတ္ထားပါတယ္။ ဆိုင္ခန္းကိစၥနဲ႔ ပတ္သက္ၿပီး ကြ်န္ေတာ္တို႔ဆီကို ဖုန္းျဖင့္ ဆက္သြယ္ၿပီး ေမးျမန္းႏိုင္ပါတယ္"ဟု EASTERN EAGLE MC မွ အဖြဲ႔၀င္တစ္ဦးက ေျပာျပသည္။
ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ စတင္က်င္းပျပဳလုပ္မည့္ အာဆီယံေမာ္ေတာ္ဆိုင္ကယ္ ကလပ္မ်ားေတြ႕ဆံုပြဲတြင္ အာဆီယံႏိုင္ငံမ်ားမွ ႏိုင္ငံျခားသားမ်ားမွာ ယခင္ ပထမအႀကိမ္ထက္ လာေရာက္မႈ ပိုမိုမ်ားျပားမွာ ျဖစ္ေၾကာင္း သိရသည္။
ဆိုင္ခန္းကိစၥႏွင့္ ပတ္သက္၍ ဆက္သြယ္ရန္
ထိုင္းဖုန္း- 0979353524 ၊ ျမန္မာဖုန္း- 09455422326
တာချီလိတ်၌ ဒုတိယအကြိမ်အဖြစ် ပရဟိတကလေးများ ရန်ပုံငွေအတွက် EASTERN EAGLE MC မှ ကြီးမှူး၍ အာဆီယံမော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံအား (၂)ရက်တိတိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဆိုင်ခန်းနေရာများကို ကြိုတင်၍ ရောင်းချပေးနပြေီ ဖြစ်ကြောင်း သိရသည်။
EASTERN EAGLE MC မှ ကျင်းပပြုလုပ်မည့် အာဆီယံမော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံအား ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၁)ရက်နေ့အထိ (၂)ရက်တိုင်တိုင် တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်အတွင်း အာဆီယံနိုင်ငံအတွင်းရှိ မော်တော်ဆိုင်ကယ်ကလပ်ပေါင်းစုံမှ နိုင်ငံခြားသား (၁၀၀၀)ကျော် နှင့် ပြည်တွင်းမှ မော်တော်ဆိုင်ကယ်ကလပ်များလည်း လာရောက်ကြမည်ဖြစ်သည်။
ပွဲတော်(၂)ရက်တာအတွင်း စားသောက်ဆိုင်များနှင့်၊ တိုင်းရင်းသားအဝတ်အထည်ဆိုင်များ၊ ရိုးရာပစ္စည်းအရောင်းဆိုင်များ လာရောက်ဖွင့်လှစ်နိုင်ရန်အတွက် ဆိုင်ခန်းနေရာများကို သီးခြားစီပြုလုပ်၍ သတ်မှတ်ထားရှိကာ ရောင်းချပေးနပြေီဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန် ဝယ်ယူထားရှိရန် လိုအပ်ကြောင်း သိရသည်။
ဆိုင်ခန်းများကို ဇုန်(A,B,C,D)ဟူ၍ ဇုန်(၄)ဇုန် ခွဲခြားသတ်မှတ်ထားပြီး ဇုန်(A နှင့် B)သည် အစားအသောက်များ ရောင်းချနိုင်ရန် နေရာဖြစ်ပြီး၊ ဇုန်(C)သည် ဆိုင်ကယ်ပစ္စည်းများ ရောင်းချနိုင်ရန်အတွက်ဖြစ်၍ဇုန်(D)သည် ရိုးရာအဝတ်အထည်များ နှင့် အမှတ်တရပစ္စည်းများ ရောင်းချနိုင်ရန်ခွဲခြား သတ်မှတ်ပေးထားခြင်း ဖြစ်သည်။
ဇုန်(A နှင့် B)ရှိ ဆိုင်ခန်းများ၏ အကျယ်အဝန်းမှာ 2.4mx2.4m ရှိပြီး၊ ဇုန်(C နှင့် D)ရှိ ဆိုင်ခန်းများ၏ အကျယ်အဝန်းမှာ 4mx4m ရှိရာ ဇုန်(A နှင့် B)အား ပွဲတော်(၂)ရက်တာအတွက် ဘတ်(၃၀၀၀) သတ်မှတ်ထားကာ ဇုန်(C နှင့် D)ရှိ ဆိုင်ခန်းများအား ပွဲတော်(၂)ရက်တာအတွက် ဘတ်(၅၀၀၀)သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ပွဲတော်အတွင်း မလေးရှားနှင့်အင်ဒိုနီးရှားမှလာသော ဧည့်သည်များသည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသောကြောင့်၎င်းတို့ဝယ်ယူစားသောက်နိုင်ရန် အစ္စလာမ်ဘာသာဝင်များ၏ စားသောက်ဆိုင်များလည်း လာရောက် ဖွင့်လှစ်ရောင်းချပေးနိုင်ရန်အတွက် ဇုန်(A)ကို သတ်မှတ်ပေးထားကြောင်း သိရသည်။
"ပွဲတော် (၂)ရက်စာအတွက် အစားအသောက် ဆိုင်ခန်းတွေကို ဘတ်(၃၀၀၀) နဲ့ ဆိုင်ကယ်ပစ္စည်းဆိုင်နဲ့ အဝတ်အထည် ရိုးရာပစ္စည်း၊ အမှတ်တရပစ္စည်း ဆိုင်ခန်းတွေကိုတော့ ဘတ်(၅၀၀၀)သတ်မှတ်ထားပါတယ်။ ဆိုင်ခန်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီကို ဖုန်းဖြင့် ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်"ဟု EASTERN EAGLE MC မှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အာဆီယံမော်တော်ဆိုင်ကယ် ကလပ်များတွေ့ဆုံပွဲတွင် အာဆီယံနိုင်ငံများမှ နိုင်ငံခြားသားများမှာ ယခင် ပထမအကြိမ်ထက် လာရောက်မှု ပိုမိုများပြားမှာ ဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်ရန်
ထိုင်းဖုန်း- 0979353524၊ မြန်မာဖုန်း- 09455422326