သက်တမ်း(၁၀၀)ကျော်ရှိ ဧရာဝတီလင်းပိုင် သာကြီးမ သေဆုံးမှုအတွက် ဆုတောင်းပွဲပြုလုပ်

သက်တမ်း(၁၀၀)ကျော်ရှိ ဧရာဝတီလင်းပိုင် သာကြီးမ သေဆုံးမှုအတွက် ဆုတောင်းပွဲပြုလုပ်
နိုဝငျဘာ 20, 2016
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

သက်တမ်း(၁၀၀)ကျော်ရှိပြီဖြစ်သော သာကြီးမ အမည်ရှိ ဧရာဝတီလင်းပိုင် သေဆုံးသွားခြင်းအတွက် စစ်ကိုင်းမြို့နယ် ခိုတောင်ကျေးရွာအနီးရှိ ဆင်ကျွန်းတွင် ယနေ့ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းလုပ်ငန်းများကြောင့် လင်းပိုင်မကြီးသည် နိုဝင်ဘာလ(၁၃)ရက်နေ့က သေဆုံးသွားခြင်းဖြစ်ကြောင်းနှင့် သေဆုံးချိန်တွင် ကိုယ်ဝန်ဆောင်ထားရသည်ကို တွေ့ရကြောင်း သိရသည်။

ရေချိုနို့တိုက်သတ္တဝါမျိုးဖြစ်သော ဧရာဝတီလင်းပိုင်များ မျိုးသုန်းပျောက်ကွယ်မှုမရှိရန် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့အပြင် ဒေသခံတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထိန်းသိမ်းရေးပြုလုပ်သူ တစ်ဦးက ဆိုသည်။

အဆိုပါ ဆုတောင်းပွဲအား စိမ်းရောင်စိုမန္တလေးနှင့် ဒေသခံများ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - #ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~