ဘယ်လ်ဂျီယမ်နိုင်ငံမှ ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် မောင်းနင်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ၀င်ရောက်ကာ ရန်ကုန်သို့ သွားရောက်မည့် ခရီးစဉ်အား နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက စတင်လိုက်ကြောင်း သိရသည်။
၎င်းတို့သည် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ၀င်ရောက်လာပြီး ထိုမှတဆင့် ကျိုင်းတုံ - နမ့်စန် - တောင်ကြီး - အင်းလေး - ကလော - ပုဂံ - နေပြည်တော် - ရန်ကုန်ခရီးစဉ်များကို သွားရောက်မှာဖြစ်ပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရသည်။
"ရန်ကုန်လေဆိပ်ကနေ ပြန်ထွက်ခွာမယ်ဆိုတော့ ကားတွေကို သဘောင်္နဲ့သယ်သွားမယ်ထင်ပါတယ်"ဟု အမှတ်(၁)တံတားပေါ်ရှိ ၀န်ထမ်းတစ်ဦးက ဆိုသည်။
ဘယ်လ်ဂျီယမ်နိုင်ငံမှ ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် မောင်းနင်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်ကာ ရန်ကုန်သို့ သွားရောက်မည့် ခရီးစဉ်အား နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက စတင်လို်က်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်ကို Essense of Myanmar Travels & Tours Co.,Ltd နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ Destination Unilimited တို့ စီစဉ်ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယမ်နိုင်ငံသား Mr. Frans Maria Acelen အပါအဝင် အဖွဲ့ဝင် (၅၀)ဦးဖြင့် ခရီးစဉ်များအား စတင်လိုက်ခြင်း ဖြစ်သည်။
၎င်းတို့သည် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ဝင်ရောက်လာပြီး ထိုမှတဆင့် ကျိုင်းတုံ - နမ့်စန် - တောင်ကြီး - အင်းလေး - ကလော - ပုဂံ - နပြေည်တော် - ရန်ကုန်ခရီးစဉ်များကို သွားရောက်မှာဖြစ်ပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် ပြည်ပသို့ ပြန်လည်ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရသည်။
"ရန်ကုန်လေဆိပ်ကနေ ပြန်ထွက်ခွာမယ်ဆိုတော့ ကားတွေကို သင်္ဘောနဲ့သယ်သွားမယ်ထင်ပါတယ်"ဟု အမှတ်(၁)တံတားပေါ်ရှိ ဝန်ထမ်းတစ်ဦးက ဆိုသည်။
အုပ်ချုပ်မှုယာဉ် နှင့် ခတ်ဟောင်းမော်တော်ယာဉ် အပါအဝင် (၂၂)စီးဖြင့် အဆိုပါ ခရီးစဉ်များကို သွားရောက်မှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - #ပညာအောင်