တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုတြင္ လူငယ္တစ္ဦး ဓာတ္လိုက္၍ ေသဆံုးမႈ ႏို၀င္ဘာလ(၂၃)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားေၾကာင္း သိရသည္။
"ေကာင္ေလးက ငယ္ေသးတယ္၊ မနက္က ေရခ်ဳိးဖို႔ လုပ္ေနတာလို႔သိရတယ္၊ ေနာက္ၿပီး မီးႀကိဳးကို တိတ္ပတ္ဖို႔ လုပ္ေနတဲ့ အေနအထားပဲ၊ လက္ထဲမွာလည္း မီးႀကိဳးကိုင္ထားတယ္၊ တိတ္မဲလည္းေတြ႕ရတယ္၊ ေျမႀကီးမွာလည္း ဗြက္ေတြရွိေနတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက Tachileik News Agency သို႔ ေျပာသည္။
ေသဆံုးသူသည္ အသက္(၁၈)ႏွစ္ရွိ ေမာင္သူရိန္ျဖစ္ၿပီး ၎သည္ တာခ်ီလိတ္တြင္ ေနထိုင္သည္မွာ (၁)လေက်ာ္သာ ရွိေသးေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ အသင္းအေနနဲ႔ကေတာ့ အခင္းျဖစ္တဲ့ေနရာကေန ရင္ခြဲရံုကို ပို႔ေပးထားတယ္၊ ေန႔လယ္(၁)နာရီေလာက္မွာ စစ္ေဆးမယ္လို႔ သိရပါတယ္။ စစ္ေဆးၿပီးရင္ေတာ့ အေလာင္းကို မဟာျမတ္မုနိကို သယ္သြားဖို႔ လုပ္ေနပါတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။
အဆိုပါ ေသဆံုးမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ရဲတပ္ဖြဲ႔ႏွင့္ ဆန္ဆုိင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ သက္ဆိုင္ရာတို႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
"ကောင်လေးက ငယ်သေးတယ်၊ မနက်က ရေချိုးဖို့ လုပ်နေတာလို့သိရတယ်၊ နောက်ပြီး မီးကြိုးကို တိတ်ပတ်ဖို့ လုပ်နေတဲ့ အနေအထားပဲ၊ လက်ထဲမှာလည်း မီးကြိုးကိုင်ထားတယ်၊ တိတ်မဲလည်းတွေ့ရတယ်၊ မြကြေီးမှာလည်း ဗွက်တွေရှိနေတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက Tachileik News Agency သို့ ပြောသည်။
သေဆုံးသူသည် အသက်(၁၈)နှစ်ရှိ မောင်သူရိန်ဖြစ်ပြီး၎င်းသည် တာချီလိတ်တွင် နေထိုင်သည်မှာ (၁)လကျော်သာ ရှိသေးကြောင်း သိရသည်။
"ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ အခင်းဖြစ်တဲ့နေရာကနေ ရင်ခွဲရုံကို ပို့ပေးထားတယ်၊ နေ့လယ်(၁)နာရီလောက်မှာ စစ်ဆေးမယ်လို့ သိရပါတယ်။ စစ်ဆေးပြီးရင်တော့ အလောင်းကို မဟာမြတ်မုနိကို သယ်သွားဖို့ လုပ်နေပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်ရဲတပ်ဖွဲ့နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာတို့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း