မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ တွင် နိုဝင်ဘာလ စတုတ္ထပတ်အတွက် ကုန်ပစ္စည်းဈေးနှုန်းသတ်မှတ်ရေး အစည်းအဝေးတွင် ကုန်ပစ္စည်း(၃၆)မျိုးကို ဈေးနှုန်းသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။
ကုန်စည်ဈေးနှုန်းသတ်မှတ်ပေးမှု အစည်းအဝေးကို နိုဝင်ဘာလ(၂၅)ရက်နေ့  နံနက်(၁၀)နာရီက တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းရုံးတွင် ကျင်းပပြုလုပ်ပြီး ကုန်ပစ္စည်းအမယ်အသစ်အဖြစ် တာယာ(၂၄)မျိုး၊ ၀က်မွေးမြူသည့်သံထည်ခြံ (၂)မျိုးနှင့် ပုံမှန်သွင်းကုန် (၁၀)မျိုးတို့ ကို ဈေးနှုန်းသတ်မှတ်ပေးနိုင်ရန်အတွက် အဆိုပြုတင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့  တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့်အတူ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြ၀င်းနှင့် တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌဦးမြင့်ဦး အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
ကုန်စည်ဈေးနှုန်းသတ်မှတ်ပေးမှု အစည်းအေဝးကို နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီက တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းရုံးတွင် ကျင်းပပြုလုပ်ပြီး ကုန်ပစ္စည်းအမယ်အသစ်အဖြစ် တာယာ(၂၄)မျိုး၊ ဝက်မွေးမြူသည့်သံထည်ခြံ (၂)မျိုးနှင့် ပုံမှန်သွင်းကုန် (၁၀)မျိုးတို့ကို ဈေးနှုန်းသတ်မှတ်ပေးနိုင်ရန်အတွက် အဆိုပြုတင်သွင်းခဲ့ကြောင်း သိရသည်။
"ဒီတစ်ပတ်အစည်းအေဝးမှာတော့ ကုန်ပစ္စည်းအမယ်အသစ်အနေနဲ့ ကုမ္ပဏီနှစ်ခုက တာယာ(၂၄)မျိုးနဲ့ ဝက်မွေးတဲ့ခြံ(၂)မျိုးကို ဈေးနှုန်းသတ်မှတ်ပေးဖို့ အဆိုပြုတင်သွင်းခဲ့ပါတယ်။"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်းမှ ဦးမြင့်ဆွေက ပြောသည်။
အဆိုပါ အစည်းအေဝးသို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့်အတူ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြဝင်းနှင့် တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ဥက္ကဌဦးမြင့်ဦး အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်