ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်းတွင် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
သတင်း/ဓာတ်ပုံ - နိုနို
ဖွင့်ပွဲအခမ်းအနားကို နံနက်(၉)နာရီမှ (၁၀)နာရီအချိန် ထိကျင်းပပြုလုပ်ပြီး၊ (၁)နာရီမှ ညနေ(၃)နာရီအချိန်အထိ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ ဂုဏ်ပြုအစီအစဉ်များကို ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို