ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ ေတာင္ႀကီးၿမိဳ႕နယ္ အေ၀ရာမီးပံုးပ်ံကြင္းတြင္ က်င္းပျပဳလုပ္ေနသည့္ ရွမ္းႏွစ္ ၂၁၁၁ခုႏွစ္ျပည့္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္၏ ဖြင့္ပြဲကို ယေန႔ ႏို၀င္ဘာလ(၂၇)ရက္ေန႔ ညေန(၅)နာရီအခ်ိန္က က်င္းပျပဳလုပ္သည္။
ဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြ႔ဲ၀င္ ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္္တာလင္းထြဋ္ ႏွင့္ တာ၀န္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ခဲ့ၾကၿပီး ရွမ္းလူငယ္မ်ားအသင္း(S.Y.O)အဖြဲ႔မွ ရွမ္းရိုးရာ ကိႏၷရီ၊ ကိႏၷရာ၊ သိုးနယား အကမ်ား အပါအ၀င္ ရွမ္းရိုးရာ ဓါးသိုင္း/တုတ္သိုင္းတို႔ျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကသည္။
ေတာင္ႀကီးတကၠသိုလ္မ်ား ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း အပါအ၀င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွလည္း ရိုးရာယဥ္ေက်းမႈအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သိရသည္။
ေတာင္ႀကီးၿမိဳ႕တြင္ ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား ႏို၀င္ဘာလ(၂၇)ရက္ေန႔မွ ဒီဇင္ဘာလ(၂)ရက္ေန႔အထိ (၅)ရက္တိတိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ႏိုႏို
ဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ရှမ်းလူငယ်များအသင်း(S.Y.O)အဖွဲ့မှ ရှမ်းရိုးရာ ကိန္နရီ၊ ကိန္နရာ၊ သိုးနယား အကများ အပါအဝင် ရှမ်းရိုးရာ ဓားသိုင်း/တုတ်သိုင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
တောင်ကြီးတက္ကသိုလ်များ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အပါအဝင် ကျောင်းသား၊ ကျောင်းသူများမှလည်း ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက်နေ့အထိ (၅)ရက်တိတိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို