ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕မွ တဆင့္ တာခ်ီလိတ္ဘက္သို႔ ခ်စ္ၾကည္ေရးတံတားေပၚမွ ခိုး၀င္လာၿပီး ျမန္မာႏိုင္ငံ လ၀ကအက္ဥပေဒအရ အေရးယူေဆာင္ရြက္ျခင္း ခံရၿပီးေသာ တရုတ္ႏိုင္ငံသားအား ႏို၀င္ဘာလ(၂၈)ရက္ေန႔တြင္ ျမန္မာဘက္မွ ျပည္ႏွင္ဒဏ္ေပးလိုက္သည္။
"အမွတ္(၁)ခ်စ္ၾကည္ေရးတံတားရဲ႕ သံဇကာေပၚကေန ည(၁၁)နာရီ၀န္းက်င္ေလာက္မွာ ခိုး၀င္လာလို႔ ဖမ္းမိတာနဲ႔ သူ႔ကို လ၀က အက္ဥပေဒနဲ႔ ျပစ္ဒဏ္ခ်လိုက္ၿပီးေနာက္မွာ လြတ္ရက္ေစ့လို႔ လႊတ္လာတာပါ။ ဒီေန႔ေတာ့ ကြ်န္ေတာ္တို႔ မယ္ဆိုင္ေခ်ာင္းကေနတဆင့္ ထိုင္းႏိုင္ငံဘက္ကို ျပည္ႏွင္ဒဏ္ေပးလိုက္ပါတယ္"ဟု လ၀ကအရာရွိ တစ္ဦးက Tachileik News Agency ကို ေျပာသည္။
ျပည္ႏွင္ဒဏ္ေပးလိုက္သည့္ တရုတ္ႏိုင္ငံသားသည္ ၂၀၁၆ခုႏွစ္ ဇြန္လ(၅)ရက္ေန႔ ည(၁၁)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ အမွတ္(၁) ခ်စ္ၾကည္ေရးတံတား၏ သံဇကာေပၚမွ တဆင့္ ျဖတ္ေက်ာ္၀င္ေရာက္လာသည့္အတြက္ ျမန္မာဘက္မွ တာ၀န္ရွိသူမ်ားက ဖမ္းဆီးအေရးယူကာ ၁၉၄၇ခုႏွစ္ ျမန္မာႏိုင္ငံ လူ၀င္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၃(၁)ႏွင့္ ၁၃(၁)တို႔အရ က်ဳိင္းတံုအက်ဥ္းေထာင္တြင္ အလုပ္ႏွင့္ေထာင္ဒဏ္ (၆)လက်ခံေစခဲ့ၿပီး ေလွ်ာ့ရက္ စည္းမ်ဥ္းသတ္မွတ္ခ်က္အရ ေလွ်ာ့ရက္ျဖင့္ လႊတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ တရုတ္ႏိုင္ငံသား၏ အမည္မွာ လ်ဳိက်င့္(ခ) Lin Jian ျဖစ္ၿပီး ၎အား ႏို၀င္ဘာလ(၂၈)ရက္ေန႔ ေန႔လယ္(၁)နာရီ(၄၅)မိနစ္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ရွိ မယ္ဆိုင္ေခ်ာင္းေရဆိပ္မွ တဆင့္ ထိုင္းႏိုင္ငံသို႔ တာခ်ီလိတ္မွ တာ၀န္ရွိသူးမ်ားက ျပည္ႏွင္ဒဏ္ေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။
"အမှတ်(၁)ချစ်ကြည်ရေးတံတားရဲ့ သံဇကာပေါ်ကနေ ည(၁၁)နာရီဝန်းကျင်လောက်မှာ ခိုးဝင်လာလို့ ဖမ်းမိတာနဲ့ သူ့ကို လဝက အက်ဥပဒေနဲ့ ပြစ်ဒဏ်ချလိုက်ပြီးနောက်မှာ လွတ်ရက်စေ့လို့ လွှတ်လာတာပါ။ ဒီနေ့တော့ ကျွန်တော်တို့ မယ်ဆိုင်ချောင်းကနေတဆင့် ထိုင်းနိုင်ငံဘက်ကို ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်"ဟု လဝကအရာရှိ တစ်ဦးက Tachileik News Agency ကို ပြောသည်။
ပြည်နှင်ဒဏ်ပေးလိုက်သည့် တရုတ်နိုင်ငံသားသည် ၂၀၁၆ခုနှစ် ဇွန်လ(၅)ရက်နေ့ ည(၁၁)နာရီအချိန်က တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတား၏ သံဇကာပေါ်မှ တဆင့် ဖြတ်ကျော်ဝင်ရောက်လာသည့်အတွက် မြန်မာဘက်မှ တာဝန်ရှိသူများက ဖမ်းဆီးအရေးယူကာ ၁၉၄၇ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃(၁)နှင့် ၁၃(၁)တို့အရ ကျိုင်းတုံအကျဉ်းထောင်တွင် အလုပ်နှင့်ထောင်ဒဏ် (၆)လကျခံစေခဲ့ပြီး လျှော့ရက် စည်းမျဉ်းသတ်မှတ်ချက်အရ လျှော့ရက်ဖြင့် လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံသား၏ အမည်မှာ လျိုကျင့်(ခ) Lin Jian ဖြစ်ပြီး၎င်းအား နိုဝင်ဘာလ(၂၈)ရက်နေ့ နေ့လယ်(၁)နာရီ(၄၅)မိနစ်အချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်းရေဆိပ်မှ တဆင့် ထိုင်းနိုင်ငံသို့ တာချီလိတ်မှ တာဝန်ရှိသူးများက ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။