တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္တြင္ သစ္ျဖင့္ ျပဳလုပ္သည္႔ အိမ္သံုး ပရိေဘာဂလုပ္ငန္းမ်ား ထုတ္လုပ္ေသာ လုပ္ငန္းအခ်ိဳ႕မွာ သစ္ကုန္ၾကမ္း ျပတ္လပ္လာ၍ သစ္အေခ်ာထည္မ်ား ထုတ္လုပ္ မႈ ရပ္ဆိုင္းလုနီးပါးျဖစ္ေနေၾကာင္း သိရသည္။
“ၿမိတ္ၿမိဳ႕က အိမ္သံုးပရိေဘာဂလုပ္ငန္းေတြမွာက ျပင္ပက လာေရာင္းတဲ့ သစ္နဲ႔ သစ္ခြဲသားေတြကို အဓိကသံုးေနရတာ။ လက္ရွိမွာ ျပင္ပကလာေရာင္းတဲ့ တရားမ၀င္သစ္ေတြ မဝယ္ရဘူးလို႔ သစ္ေတာက တားထားတယ္။ သစ္ခြဲသား (သစ္စက္) ရံုးေတြလည္း ပိတ္ထားေတာ့ အခက္ႀကံဳရတာေပါ့”ဟု ျပည္႔ၿဖိဳး ပရိေဘာဂလုပ္ငန္းရံုးမွ ေဒၚဆန္းသြယ္က ေျပာသည္။
ၿမိတ္ၿမိဳ႕၌ ပရိေဘာဂလုပ္ငန္းမ်ားမွ သစ္အေခ်ာထည္ျဖင္႔ အိမ္သံုး တံခါးရြက္၊ တံခါးကြင္းမ်ား၊ စားပြဲ၊ ကုလားထိုင္၊ ဘီဒို၊ ဆက္တီခံုမ်ားႏွင္႔ နံရံကပ္ဘီဒိုမ်ားကို အမ်ားဆံုးျပဳလုပ္ၾကေၾကာင္း သိရသည္။
ၿမိတ္ၿမိဳ႕တြင္ ပုဂၢလိကပိုင္ အိမ္သံုးပရိေဘာဂအလုပ္ရံုေတြက ေဒသတြင္းကထြက္တဲ့ သစ္ကုန္ၾကမ္းကို အမွီျပဳေနရတာ။ ကုန္ၾကမ္းဝယ္မရေတာ့ လုပ္ငန္းေတြအားလံုး အခက္ႀကံဳရတယ္”ဟု ေကာင္းသန္႔ ပရိေဘာဂ အေရာင္းဆိုင္မွ ဆိုင္အေရာင္း တာ၀န္ခံ ဦးညြန္႔ေရႊက ေျပာသည္။
အိမ္သံုး ပရိေဘာဂလုပ္ငန္းမ်ားသည္ သစ္ကုန္ၾကမ္းေစ်းျမင့္မႈႏွင့္လည္း ႀကံဳေနရၿပီး သစ္တစ္တန္ွလွ်င္ ယခင္က (၃) သိန္းေက်ာ္မွ (၄) သိန္းနီးပါးအထိ ေစ်းရိွခဲ့ရာမွ လက္ရိွတြင္ သစ္တစ္တန္လွ်င္ က်ပ္ (၅) သိန္းေက်ာ္မွ (၆) သိန္းေက်ာ္အထိ ေစ်းတက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
သစ္ကုန္ၾကမ္းေစ်းျမင့္မႈေၾကာင့္ အိမ္သံုးပရိေဘာဂေစ်းကြက္တြင္လည္း ပရိေဘာဂမ်ား ေစ်းျမင့္လာေနေၾကာင္း သိရသည္။
သတင္း - ေဇာ္ေဇာ္(ၿမိတ္)
“မြိတ်မြို့က အိမ်သုံးပရိဘောဂလုပ်ငန်းတွေမှာက ပြင်ပက လာရောင်းတဲ့ သစ်နဲ့ သစ်ခွဲသားေတွကို အဓိကသုံးနေရတာ။ လက်ရှိမှာ ပြင်ပကလာရောင်းတဲ့ တရားမဝင်သစ်တွေ မဝယ်ရဘူးလို့ သစ်တောက တားထားတယ်။ သစ်ခွဲသား (သစ်စက်) ရုံးတွေလည်း ပိတ်ထားတော့ အခက်ကြုံရတာပေါ့”ဟု ပြည့်ဖြိုး ပရိဘောဂလုပ်ငန်းရုံးမှ ဒေါ်ဆန်းသွယ်က ပြောသည်။
မြိတ်မြို့၌ ပရိဘောဂလုပ်ငန်းများမှ သစ်အချောထည်ဖြင့် အိမ်သုံး တံခါးရွက်၊ တံခါးကွင်းများ၊ စားပွဲ၊ ကုလားထိုင်၊ ဘီဒို၊ ဆက်တီခုံများနှင့် နံရံကပ်ဘီဒိုများကို အများဆုံးပြုလုပ်ကြကြောင်း သိရသည်။
မြိတ်မြို့တွင် ပုဂ္ဂလိကပိုင် အိမ်သုံးပရိဘောဂအလုပ်ရုံတွေက ဒေသတွင်းကထွက်တဲ့ သစ်ကုန်ကြမ်းကို အမှီပြုနေရတာ။ ကုန်ကြမ်းဝယ်မရတော့ လုပ်ငန်းတွေအားလုံး အခက်ကြုံရတယ်”ဟု ကောင်းသန့် ပရိဘောဂ အရောင်းဆိုင်မှ ဆိုင်အရောင်း တာဝန်ခံ ဦးညွန့်ရွှေက ပြောသည်။
အိမ်သုံး ပရိဘောဂလုပ်ငန်းများသည် သစ်ကုန်ကြမ်းဈေးမြင့်မှုနှင့်လည်း ကြုံနေရပြီး သစ်တစ်တနှ်လျှင် ယခင်က (၃) သိန်းကျော်မှ (၄) သိန်းနီးပါးအထိ ဈေးရှိခဲ့ရာမှ လက်ရှိတွင် သစ်တစ်တန်လျှင် ကျပ် (၅) သိန်းကျော်မှ (၆) သိန်းကျော်အထိ ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။
သစ်ကုန်ကြမ်းဈေးမြင့်မှုကြောင့် အိမ်သုံးပရိဘောဂဈေးကွက်တွင်လည်း ပရိဘောဂများ ဈေးမြင့်လာနေကြောင်း သိရသည်။
သတင်း - ဇော်ဇော်(မြိတ်)