ဆန်းဖြိုးထွန်း - Tachileik News Agency
လွိုင်ကော်၊ နိုဝင်ဘာလ (၂၆) ရက်
ကယားပြည်နယ်မှ လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်သည့် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် NLD ပါတီမှ ဦးလွီးဇီဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုဝင်ဘာလ (၂၆) ရက်နေ့က ထုတ်ပြန်လိုက်သည်။
နိုဝင်ဘာလ၂၆ ရက် နေ့စွဲဖြင့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် (၁၈)နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များကိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ကယားပြည်နယ် NLD ပါတီ ပြည်နယ်ဥက္ကဌ ဒေါက်တာခင်စည်သူက အတည်ပြု ပြောကြားသည်။
"ဟုတ်ပါတယ်။ ကျွန်မတို့ ဒီနေ့ထုတ်ပြန်ထားတယ် ။ ဦးလွီးဇီကိုရွေးထားတယ်။ ကယားပြည်နယ် ဖရူဆို ပြည်နယ်လွှတ်တော်နေရာ အတွက်ပေါ့ "ဟု ဒေါက်တာခင်စည်သူက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ဖရူဆိုမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိုးရယ် ကွယ်လွန်ခဲ့သောကြောင့် ၎င်း မဲဆန္ဒနယ်မှာ လစ်လပ်နေခြင်းဖြစ်သည်။
ကယားပြည်နယ်တွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အတွက် ကယန်းအမျိုးသားပါတီ၊ ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့ ၏ ကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ခူးသဲရယ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ