ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မူဆယ်ခရိုင်အတွင်း တိုက်ပွဲကာလအတွင်းက လက်နက်ခဲယမ်းများနှင့်အတူ နိုင်ငံပိုင်ငွေ ကျပ်သန်းပေါင်း (၄၀၀၀)ကို ကာကွယ်နိုင်ခဲ့သည့် ပန်ဆိုင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၁၉)ဦးအား ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ နိုဝင်ဘာလ(၂၉)ရက်နေ့ ရက်စွဲပါ အမိန့်စာအရ သိရသည်။
ရဲစခန်းအား ကျဆုံးမှုမရှိအောင် ခုခံကာကွယ်နိုင်ခဲ့ခြင်း၊ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ၊ လက်နက်၊ ခဲယမ်းများ ကျဆုံး/ပါဆုံးမှု မရှိသည့်အပြင် ရဲစခန်းရှိ ငွေတိုက်၌ ထိန်းသိမ်းထားသည့် နိုင်ငံပိုင်ငွေကျပ် သန်းပေါင်း (၄၀၀၀)အား ဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်ခဲ့ခြင်းတို့အတွက် အထူးကိစ္စ တစ်ရပ်အနေဖြင့် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့မှစ၍ ရာထူးအဆင့်များ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ တပ်ဖွဲ့အမိန့်စာအရ သိရသည်။
မူဆယ်မြို့နယ်ရှိ ပန်ဆိုင်းနယ်မြေရဲစခန်းအား နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်က လက်နက်ကိုင်အဖွဲ့မှအင်အား (၂၀၀)ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခဲ့ရာ စခန်းမှူး၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ကြိုးစားခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် လက်နက်ကို်င်အဖွဲ့မှာ ပြန်လည်ဆုတ်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရဲစခန်းအား ကျဆုံးမှုမရှိအောင် ခုခံကာကွယ်နိုင်ခဲ့ခြင်း၊ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်မိသားစုများ၊ လက်နက်၊ ခဲယမ်းများ ကျဆုံး/ပါဆုံးမှု မရှိသည့်အပြင် ရဲစခန်းရှိ ငွေတိုက်၌ ထိန်းသိမ်းထားသည့် နိုင်ငံပိုင်ငွေကျပ် သန်းပေါင်း (၄၀၀၀)အား ဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်ခဲ့ခြင်းတို့အတွက် အထူးကိစ္စ တစ်ရပ်အနဖြေင့် ၂၀၁၆ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့မှစ၍ ရာထူးအဆင့်များ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ တပ်ဖွဲ့အမိန့်စာအရ သိရသည်။
ရာထူးများတိုးမြှင့်ပေးလိုက်ရာတွင် ရဲတပ်ကြပ်ကြီးအဆင့်မှ ရဲအရာခံအဆင့်သို့ (၇)ဦး၊ ရဲတပ်ကြပ် အဆင့်မှ ရဲတပ်ကြပ်ကြီး အဆင့်သို့ (၄)ဦး၊ ရဲဒုတပ်ကြပ် အဆင့်မှ ရဲတပ်ကြပ်အဆင့်သို့ (၄)ဦး နှင့် ရဲတပ်သားမှ ရဲဒုတပ်ကြပ် အဆင့်သို့ (၄)ဦး စုစုပေါင်း (၁၉)ဦးဖြစ်ကြောင်း သိရသည်။