တာချီလိတ်မြို့တွင်းရှိ လမ်း နှင့် လမ်းသွယ်(၁၄)ခုအား ကတ္တရာလမ်းခင်းခြင်းနှင့် ပြန်လည်ပြင်ဆင် ထပ်ပိုးလွှာခင်းခြင်းကို ၂၀၁၆ - ၂၀၁၇ခု ဘဏ္ဍာရေးနှစ်၏ တတိယ(၃)လပတ်အတွင်း ဆောင်ရွက်နေလျှက် ရှိရာ လမ်း(၄)လမ်းမှာ ပြီးစီးနေပြီး ကျန်ရှိသည့် လမ်း(၁၀)လမ်းအား ၂၀၁၇ခုနှစ် ဇန်န၀ါရီလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
ဆောင်ရွက်မည့် လမ်း (၁၄)လမ်းတွင် လတ်တလောတွင် လမ်း(၄)လမ်းမှာပြီးစီးနေပြီး ကျန်ရှိသည့် လမ်း(၁၀)လမ်းအား လုပ်ငန်းဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင်းရှိ လမ်း နှင့် လမ်းသွယ်(၁၄)ခုအား ကတ္တရာလမ်းခင်းခြင်းနှင့် ပြန်လည်ပြင်ဆင် ထပ်ပိုးလွှာခင်းခြင်းကို ၂၀၁၆ - ၂၀၁၇ခု ဘဏ္ဍာရေးနှစ်၏ တတိယ(၃)လပတ်အတွင်း ဆောင်ရွက်နေလျှက် ရှိရာ လမ်း(၄)လမ်းမှာ ပြီးစီးနပြေီး ကျန်ရှိသည့် လမ်း(၁၀)လမ်းအား ၂၀၁၇ခုနှစ် ဇန်နဝါရီလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
ဆောင်ရွက်မည့် လမ်း (၁၄)လမ်းတွင် လတ်တလောတွင် လမ်း(၄)လမ်းမှာပြီးစီးနပြေီး ကျန်ရှိသည့် လမ်း(၁၀)လမ်းအား လုပ်ငန်းဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
ကတ္တရာလမ်းခင်းရန် ကျန်ရှိနေသော လမ်း(၁၀)လမ်းမှာ ဝမ်းရပ်ကွက်ရတနာလမ်းမကြီး၊ မယ်ခေါင် ရပ်ကွက် ဒေလီယာလမ်း၊ ဝိန်းကျောက်ရပ်ကွက် အနောက်မြို့ပတ်လမ်း၊ ဝိန်းကျောက်ရပ်ကွက် အခါဈေးလမ်းသွယ် (၅) (၇) (၈) (၂၄)၊ ဝိန်းကျောက်ရပ်ကွက် ရွှေပျားလမ်းသွယ်၊ ဝိန်းကျောက်ရပ်ကွက် ဟိုတယ်လမ်း နှင့် ဆေခမ်းရပ်ကွက် မြို့ရှောင်လမ်းသွယ်စသည်တို့ကို တတိယ(၃)လပတ်အတွင်းမှာ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ (၂၀၁၆ - ၂၀၁၇)ခု ဘဏ္ဍာရေးနှစ်၏ တတိယ(၃)လပတ်အတွင်းသည် နိုဝင်ဘာလမှ ဇန်နဝါရီလ အထိ ဖြစ်ပြီး ဘဏ္ဍာရေးနှစ်၏ စတုတ္ထ(၃)လပတ်တွင်လည်း လမ်း နှင့် လမ်းသွယ် (၁၄)လမ်း နှင့် တံတား(၁)စင်း ဆောင်ရွက်ရန် ရှိကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ဓာတ်ပုံ - တာချီလိတ်စည်ပင်