မိုင္းျဖတ္၌ အမ်ဳိးသမီးတစ္ဦး သတ္ခံရမႈမွ က်ဴးလြန္သူအား (၆)လအၾကာတြင္ ဖမ္းမိ

မိုင္းျဖတ္၌ အမ်ဳိးသမီးတစ္ဦး သတ္ခံရမႈမွ က်ဴးလြန္သူအား (၆)လအၾကာတြင္ ဖမ္းမိ
ဒီဇင်ဘာ 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္ ဝမ္ပံုေက်းရြာအုပ္စု ဝမ္ပံုေက်းရြာတြင္ ေနအိမ္ၿခံအတြင္း ဝါးျဖတ္ေနသည့္ အမ်ိဳးသမီးတစ္ဦးအား အေနာက္မွ တူမီးေသနတ္ျဖင့္ ဝင္ေရာက္ ပစ္ခတ္သူအား ေျခာက္လေက်ာ္အၾကာ ဒီဇင္ဘာလ (၄) ရက္တြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ ဆီမြန္းအုပ္စု  လကတ္ေက်းရြာအပိုင္ ဝမ္ေနာင္ဘုရားအနီး လ်ိဳေျမာင္တြင္ လူတစ္ဦး တဲထုိး၍ ခိုေအာင္းေနေၾကာင္း သတင္းအရ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕၊ ရပ္မိရပ္ဖမ်ား၊ ဆီမြန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ သက္ေသမ်ားပါဝင္သည့္အဖြဲ႕က သြားေရာက္စစ္ေဆးရာ တဲအတြင္းမွလူက ထြက္မလာသျဖင့္ တဲတြင္းသို႔ဝင္ေရာက္ လံုးေထြးဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

အဆိုပါတဲအတြင္းမွ တူမီးလုပ္ေသနတ္ႏွင့္ ခဲသီးမ်ား၊ ယမ္းမႈန္႔ဗူးမ်ားကိုလည္းသိမ္းဆည္းရမိေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ အသက္ (၃၇)ႏွစ္အရြယ္ သန္းေထြး(ခ)ဦးစံေထြးအား စစ္ေဆးရာ ၂၀၁၄ ခုႏွစ္ကတည္းက အဆိုပါ ေတာင္ေစာင္းတြင္ တဲထိုးေနထိုင္ကာ ႀကံဳရာက်ဘမ္းလုပ္ကိုင္စားေသာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၆ ေမလ ၁၆ ရက္  ေန႔လယ္ပိုင္းတြင္ ဝမ္ပံုေက်းရြာတြင္ ေစ်းသြားဝယ္ရင္း လိုက္ခ်ီးသီးၿခံတြင္ အသက္ (၅၀)ေက်ာ္ခန္႔ အမ်ိဳးသမီးထံတြင္ လိုင္ခ်ီးသီးဝယ္လိုေၾကာင္း ေျပာသည္ကို ဗမာသူခိုးကို မေရာင္းဘူးဟု အဆိုပါအမ်ိဳးသမီးက ျပန္ေျပာသျဖင့္ ေဒါသျဖစ္ကာ တူမီးေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္။

၎၏ ထြက္ဆိုခ်က္အရ ေမလ (၁၆) ရက္က တူမီးေသနတ္ျဖင့္ အပစ္ခံရျခင္းေၾကာင့့္္ အသက္ (၅၈)ႏွစ္အရြယ္ ေဒၚနန္းရွဲန္ႏြန္း ေသဆံုးသြားသျဖင့္ မိုင္းျဖတ္ ရဲစခန္းမွ ေမလ ၁၆ ရက္တြင္ မုိင္းျဖတ္ရဲစခန္းတြင္ (ပ) ၆/၂၀၁၆ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရာမွ ထြက္ေျပးတရားခံျဖစ္ေၾကာင္း သိရသျဖင့္ အမႈႏွင့္ပတ္သက္၍ ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု ဝမ်ပုံကျေးရွာတွင် နေအိမ်ခြံအတွင်း ဝါးဖြတ်နေသည့် အမျိုးသမီးတစ်ဦးအား အနောက်မှ တူမီးသေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သူအား ခြောက်လကျော်အကြာ ဒီဇင်ဘာလ (၄) ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ဆီမွန်းအုပ်စု လကတ်ကျေးရွာအပိုင် ဝမ်နောင်ဘုရားအနီး လျိုမြောင်တွင် လူတစ်ဦး တဲထိုး၍ ခိုအောင်းနေကြောင်း သတင်းအရ မိုင်းဖြတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့၊ ရပ်မိရပ်ဖများ၊ ဆီမွန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သက်သေများပါဝင်သည့်အဖွဲ့က သွားရောက်စစ်ဆေးရာ တဲအတွင်းမှလူက ထွက်မလာသဖြင့် တဲတွင်းသို့ဝင်ရောက် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါတဲအတွင်းမှ တူမီးလုပ်သေနတ်နှင့် ခဲသီးများ၊ ယမ်းမှုန့်ဗူးများကိုလည်းသိမ်းဆည်းရမိကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အသက် (၃၇)နှစ်အရွယ် သန်းထွေး(ခ)ဦးစံထွေးအား စစ်ဆေးရာ ၂၀၁၄ ခုနှစ်ကတည်းက အဆိုပါ တောင်စောင်းတွင် တဲထိုးနေထိုင်ကာ ကြုံရာကျဘမ်းလုပ်ကိုင်စားသောက်နခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ဝမ်ပုံကျေးရွာတွင် ဈေးသွားဝယ်ရင်း လိုက်ချီးသီးခြံတွင် အသက် (၅၀)ကျော်ခန့် အမျိုးသမီးထံတွင် လိုင်ချီးသီးဝယ်လိုကြောင်း ပြောသည်ကို ဗမာသူခိုးကို မရောင်းဘူးဟု အဆိုပါအမျိုးသမီးက ပြန်ပြောသဖြင့် ဒေါသဖြစ်ကာ တူမီးသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

၎င်း၏ ထွက်ဆိုချက်အရ မေလ (၁၆) ရက်က တူမီးသေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် အသက် (၅၈)နှစ်အရွယ် ဒေါ်နန်းရှဲန်နွန်း သေဆုံးသွားသဖြင့် မိုင်းဖြတ် ရဲစခန်းမှ မေလ ၁၆ ရက်တွင် မိုင်းဖြတ်ရဲစခန်းတွင် (ပ) ၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရာမှ ထွက်ပြေးတရားခံဖြစ်ကြောင်း သိရသဖြင့် အမှုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~