ရွမ္းျပည္နယ္ေျမာက္ပို္င္း သီေပါၿမိဳ႕နယ္ နမ့္အြန္ေက်းရြာအနီးတြင္ တိမ္းေမွာက္မႈျဖစ္ပြားသည့္ယာဥ္တြင္ ေျမြမ်ားတင္ေဆာင္လာသည္ကို စစ္ေဆးေတြ႔ရၿပီး ယာဥ္ေပၚပါသူမ်ား တိမ္းေရွာင္ေနေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၁၅) ရက္က အဆိုပါယာဥ္တိမ္းေမွာက္ရာသို႔ သီေပါၿမိဳ႕သစ္ေတာဦးစီးဌာန၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ ရဲဌာနတို႔မွ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕သည္ မႏၱေလး - လားရိႈးသြားလမ္း နမ့္အြန္ေက်းရြာအနီးသို႔ သြားေရာက္စစ္ေဆးရာ လမ္းေဘးေခ်ာက္အတြင္း တိမ္းေမွာက္ေနသည့္ ယာဥ္ေပၚတြင္ ပိတ္စအိတ္မ်ားျဖင့္ ထည့္ထားသည့္ ေျမြအိတ္(၈)အိတ္ႏွင့္ ေျမြမ်ားအား ပိတ္စအိတ္ျဖင့္ထည့္ျပီး ပလတ္စတစ္ျခင္းျဖင့္ ထည့္ထားေသာ ျခင္း (၁၃) ျခင္းတို႔အား ေတြ႔ရေၾကာင္း သိရသည္။
အဆိုပါယာဥ္အား သက္ေသမ်ားျဖင့္ ဆက္လက္ရွာေဖြရာ မ်ိဳးေအာင္အမည္ပါ ႏုိင္ငံသားစိစစ္ေရးကဒ္(၁)ခုႏွင့္ စိုးျမင့္နုိင္အမည္ပါ ျမန္မာ/တရုတ္နယ္စပ္သြားလာခြင့္လက္မွတ္ စာအုပ္တစ္အုပ္အား ရွာေဖြေတြ႕ရိွရေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သီေပါၿမိဳ႕ သစ္ေတာဦးစီးဌာနက ဥပေဒႏွင့္အညီ အေရးယူသြားမည္ျဖစ္ျပီး ယာဥ္အား သစ္ေတာဦးစီးဌာနတြင္ ေခတၱသိမ္းဆည္းထားေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေနကို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ဒီဇင်ဘာလ (၁၅) ရက်က အဆိုပါယာဉ်တိမ်းမှောက်ရာသို့ သီပေါမြို့သစ်တောဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ရဲဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့သည် မန္တလေး - လားရှိုးသွားလမ်း နမ့်အွန်ကျေးရွာအနီးသို့ သွားရောက်စစ်ဆေးရာ လမ်းဘေးချောက်အတွင်း တိမ်းမှောက်နေသည့် ယာဉ်ပေါ်တွင် ပိတ်စအိတ်များဖြင့် ထည့်ထားသည့် မြွေအိတ်(၈)အိတ်နှင့် မြွေများအား ပိတ်စအိတ်ဖြင့်ထည့်ပြီး ပလတ်စတစ်ခြင်းဖြင့် ထည့်ထားသော ခြင်း (၁၃) ခြင်းတို့အား တွေ့ရကြောင်း သိရသည်။
အဆိုပါယာဉ်အား သက်သေများဖြင့် ဆက်လက်ရှာဖွေရာ မျိုးအောင်အမည်ပါ နိုင်ငံသားစိစစ်ရေးကဒ်(၁)ခုနှင့် စိုးမြင့်နိုင်အမည်ပါ မြန်မာ/တရုတ်နယ်စပ်သွားလာခွင့်လက်မှတ် စာအုပ်တစ်အုပ်အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သီပေါမြို့ သစ်တောဦးစီးဌာနက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး ယာဉ်အား သစ်တောဦးစီးဌာနတွင် ခေတ္တသိမ်းဆည်းထားကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်