ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕ ဇာတ္စုရပ္ကြက္တြင္ အသက္(၂၆)ႏွစ္အရြယ္ အမ်ဳိးသား တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ဇန္န၀ါရီလ(၂၆)ရက္ေန႔ နံနက္(၂)နာရီခြဲ၀န္းက်င္က ျဖစ္ပြားေၾကာင္း သိရသည္။
"ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားတယ္ဆိုတာ ဟုတ္ပါတယ္၊ ဒါေပမယ့္ ေဆးရံုမွာ ေဆးစစ္ခ်က္ယူေနတုန္းပဲ ရွိပါေသးတယ္ခင္ဗ်၊ အမႈဖြင့္တာ မလုပ္ရေသးပါဘူး ။ တစ္ကယ္လို႔ အမႈဖြင့္ျဖစ္မယ္ဆိုရင္ေတာ့ ဒီႏွစ္ထဲမွာ ပထမဆံုးျဖစ္တဲ့အတြက္ (၁/၁၇ ) နဲ႔ပဲ ဖြင့္ျဖစ္မွာပါ ။ေလာေလာဆယ္ေတာ့ အမႈမဖြင့္ရေသးပါဘူး"ဟု သီေပါၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ အရာရွိတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
အဆိုပါ ျဖစ္စဥ္သည္ သီေပါၿမိဳ႕၊ ဇာတ္စုရပ္ကြက္၊ နယ္ေျမ(၁၁)ရွိ ေနအိမ္တြင္ ျဖစ္ပြားျခင္း ျဖစ္ၿပီး ႀကိဳးဆြဲခ်ရာတြင္ မီးပလပ္ခံုပါ၀င္သည့္ လွ်ပ္စစ္ႀကိဳးျဖင့္ ႀကိဳးဆြဲခ်ကာ ေသဆံုးေနျခင္းျဖစ္ေၾကာင္း သိရသည္။
"ဘာေၾကာင့္ အဲ့လိုလုပ္သြားတယ္ဆိုတာကေတာ့ မသိရေသးဘူးဗ်၊ ဒီႏွစ္ထဲမွာေတာ့ ဒါပထမဆံုးပဲ ျဖစ္တာပါပဲ၊ မနက္က အေၾကာင္းၾကားၾကားခ်င္းကြ်န္ေတာ္တို႔ သြားသယ္ေဆာင္ၿပီးေတာ့ ျပည္သူ႔ေဆးရံုကိုပို႔ေပးထားပါတယ္"ဟု သီေပါၿမိဳ႕ နယ္စည္းမျခားပရဟိတအသင္းမွ ကိုမ်ိဳးက ေျပာသည္။
ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္အတြင္း၌လည္း သီေပါၿမိဳ႕နယ္ ဘူတာရပ္ကြက္ေန အမ်ဳိးသားတစ္ဦး ႏွင့္ ေရႊျပည္သာကြက္သစ္ေန အမ်ိဳးသားတစ္ဦး စုစုေပါင္းႏွစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈရွိခဲ့ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ ဇာတ်စုရပ်ကွက်တွင် အသက်(၂၆)နှစ်အရွယ် အမျိုးသား တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်(၂)နာရီခွဲဝန်းကျင်က ဖြစ်ပွားကြောင်း သိရသည်။
"ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားတယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ဆေးရုံမှာ ဆေးစစ်ချက်ယူနေတုန်းပဲ ရှိပါသေးတယ်ခင်ဗျ၊ အမှုဖွင့်တာ မလုပ်ရသေးပါဘူး။ တစ်ကယ်လို့ အမှုဖွင့်ဖြစ်မယ်ဆိုရင်တော့ ဒီနှစ်ထဲမှာ ပထမဆုံးဖြစ်တဲ့အတွက် (၁/၁၇ ) နဲ့ပဲ ဖွင့်ဖြစ်မှာပါ။လောလောဆယ်တော့ အမှုမဖွင့်ရသေးပါဘူး"ဟု သီပေါမြို့မရဲစခန်းမှ တာဝန်ရှိသူ အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ဖြစ်စဉ်သည် သီပေါမြို့၊ ဇာတ်စုရပ်ကွက်၊ နယ်မြေ(၁၁)ရှိ နေအိမ်တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ကြိုးဆွဲချရာတွင် မီးပလပ်ခုံပါဝင်သည့် လျှပ်စစ်ကြိုးဖြင့် ကြိုးဆွဲချကာ သေဆုံးနခြေင်းဖြစ်ကြောင်း သိရသည်။
"ဘာကြောင့် အဲ့လိုလုပ်သွားတယ်ဆိုတာကတော့ မသိရသေးဘူးဗျ၊ ဒီနှစ်ထဲမှာတော့ ဒါပထမဆုံးပဲ ဖြစ်တာပါပဲ၊ မနက်က အကြောင်းကြားကြားချင်းကျွန်တော်တို့ သွားသယ်ဆောင်ပြီးတော့ ပြည်သူ့ဆေးရုံကိုပို့ပေးထားပါတယ်"ဟု သီပေါမြို့ နယ်စည်းမခြားပရဟိတအသင်းမှ ကိုမျိုးက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း၌လည်း သီပေါမြို့နယ် ဘူတာရပ်ကွက်နေ အမျိုးသားတစ်ဦး နှင့် ရွှပြေည်သာကွက်သစ်နေ အမျိုးသားတစ်ဦး စုစုပေါင်းနှစ်ဦး ကြိုးဆွဲချသေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်