ေက်ာက္မဲၿမိဳ႕တြင္ ယာဥ္ႀကီးႏွင့္ယာဥ္ငယ္တုိက္မိရာမွ ယာဥ္ငယ္ေမာင္းသူ ထြက္ေျပးေန

ေက်ာက္မဲၿမိဳ႕တြင္ ယာဥ္ႀကီးႏွင့္ယာဥ္ငယ္တုိက္မိရာမွ ယာဥ္ငယ္ေမာင္းသူ ထြက္ေျပးေန
ဖေဖော်ဝါရီ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ ေမြးျမဴေရးဇုန္အဝင္လမ္းအနီး ေဖေဖာ္ဝါရီလ (၆) ရက္ေန႔ နံနက္က ေျခာက္ဘီးယာဥ္ႏွင့္ ကားငယ္တစ္စီးတိုက္မိၿပီး လမ္းေဘးထိုးက်တိမ္းေမွာက္ခ့ဲရာ ယာဥ္ငယ္ ေမာင္းႏွင္သူမွာ ထြက္ေျပးသြားေၾကာင္း သိရသည္။

“ယာဥ္ထိန္းရံုးကေန တိုင္စာနဲ႔အမႈဖြင့္ထားတယ္။ ယာဥ္ငယ္ေမာင္းႏွင္သူက ထြက္ေျပးသြားတယ္။ ေျခာက္ဘီးယာဥ္ေမာင္း ကေတာ့ ရွိေနတယ္” ဟု ေက်ာက္မဲၿမိဳ႕ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ယာဥ္ႏွစ္စီးတိမ္းေမွာက္ခ့ဲျခင္းေၾကာင့္ ဒဏ္ရာရသူ၊ ေသဆံုးသူမရွိေၾကာင္း ႏွင့္ ပ်က္စီးဆံုးရႈံးမႈ တန္ဖိုးမွာ မသိရွိရေသးေၾကာင္း ရဲအရာရွိ တစ္ဦးက ဆိုသည္။

“ျဖစ္တာက မနက္အေစာျဖစ္တာဆိုေတာ့ မေန႔ညက ဂ်ဴတီက်တ့ဲသူေတြပဲ ေသေသခ်ာခ်ာ သိမွာဗ်။ ကြ်န္ေတာ္က မနက္ ၈ နာရီမွ ဂ်ဴတီဝင္ရလို႔ျဖစ္စဥ္အေသးစိတ္ကို မေျပာျပတတ္ဘူး” ဟု ေက်ာက္မဲယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဖုန္းလက္ခံေျဖဆိုသူ တပ္ၾကပ္ႀကီးစိုးမင္း က ေျပာသည္။

ျဖစ္စဥ္အေနအထားအရ ယာဥ္ငယ္ေမာင္းႏွင္သူမွာ ယာဥ္ေၾကာမွားယြင္းခ့ဲသည့္ အေနအထားတြင္ရွိေနၿပီး ထြက္ေျပးတိမ္းေရွာင္ေနေသာေၾကာင့္ လတ္တေလာတြင္ ယာဥ္ထိန္းအရာရွိက ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ၂၇၇/ ၂၀၂ ျဖင့္ အမႈဖြင့္တိုင္ၾကားထားေၾကာင္း သိရသည္။

“မနက္ကအလုပ္သြားေတာ့မွ ေတြ႕ခ့ဲတာ။ ယာဥ္ႏွစ္စီးလံုး ေမွာက္ေနတာပဲေတြ႕တယ္။ ဘယ္လိုျဖစ္တာလဲေတာ့ မေျပာတတ္ဘူး။ အဲဒီနားက လူေတြေျပာတာေတာ့ တစ္နာရီေလာက္က ျဖစ္တယ္ေျပာတယ္။ ေသြးေတြဘာေတြေတာ့မေတြ႕ဘူး” ဟု တံခြန္စုေပါင္းေမြးျမဴေရးဇုန္တြင္ အလုပ္လုပ္ကိုင္သူ မထားေအးက ေျပာသည္။

ေျခာက္ဘီးယာဥ္ႏွင့္ တိုက္မိျခင္း မဟုတ္ဘဲ ယာဥ္ႏွစ္စီးေရွာင္တိမ္းရာမွ ထိုးက် တိမ္းေမွာက္ျခင္းသာျဖစ္ႏိုင္ၿပီး ယာဥ္ငယ္မွာ တိုယိုတာေဝ႔ဗ္ အမိ်ဳးအစားျဖစ္ေၾကာင္း ယာဥ္ထိန္းရဲက သံုးသပ္ထားသည္။

သတင္း - #ေနၿဖဳိးျမင့္

photo /Sai Long Main

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ မွေးမြူရေးဇုန်အဝင်လမ်းအနီး ဖေဖော်ဝါရီလ (၆) ရက်နေ့ နံနက်က ခြောက်ဘီးယာဉ်နှင့် ကားငယ်တစ်စီးတိုက်မိပြီး လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ငယ် မောင်းနှင်သူမှာ ထွက်ပြေးသွားကြောင်း သိရသည်။

“ယာဉ်ထိန်းရုံးကနေ တိုင်စာနဲ့အမှုဖွင့်ထားတယ်။ ယာဉ်ငယ်မောင်းနှင်သူက ထွက်ပြေးသွားတယ်။ ခြောက်ဘီးယာဉ်မောင်း ကတော့ ရှိနေတယ်” ဟု ကျောက်မဲမြို့မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ယာဉ်နှစ်စီးတိမ်းမှောက်ခဲ့ခြင်းကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူမရှိကြောင်း နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ မသိရှိရသေးကြောင်း ရဲအရာရှိ တစ်ဦးက ဆိုသည်။

“ဖြစ်တာက မနက်အစောဖြစ်တာဆိုတော့ မနေ့ညက ဂျူတီကျတဲ့သူတွေပဲ သေသေချာချာ သိမှာဗျ။ ကျွန်တော်က မနက် ၈ နာရီမှ ဂျူတီဝင်ရလို့ဖြစ်စဉ်အသေးစိတ်ကို မပြောပြတတ်ဘူး” ဟု ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖုန်းလက်ခံဖြေဆိုသူ တပ်ကြပ်ကြီးစိုးမင်း က ပြောသည်။

ဖြစ်စဉ်အနေအထားအရ ယာဉ်ငယ်မောင်းနှင်သူမှာ ယာဉ်ကြောမှားယွင်းခဲ့သည့် အနေအထားတွင်ရှိနပြေီး ထွက်ပြေးတိမ်းရှောင်နေသောကြောင့် လတ်တလောတွင် ယာဉ်ထိန်းအရာရှိက ကျောက်မဲမြို့မရဲစခန်းတွင် ၂၇၇/ ၂၀၂ ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

“မနက်ကအလုပ်သွားတော့မှ တွေ့ခဲ့တာ။ ယာဉ်နှစ်စီးလုံး မှောက်နေတာပဲတွေ့တယ်။ ဘယ်လိုဖြစ်တာလဲတော့ မပြောတတ်ဘူး။ အဲဒီနားက လူတွေပြောတာတော့ တစ်နာရီလောက်က ဖြစ်တယ်ပြောတယ်။ သွေးတွေဘာတွေတော့မတွေ့ဘူး” ဟု တံခွန်စုပေါင်းမွေးမြူရေးဇုန်တွင် အလုပ်လုပ်ကိုင်သူ မထားအေးက ပြောသည်။

ခြောက်ဘီးယာဉ်နှင့် တိုက်မိခြင်း မဟုတ်ဘဲ ယာဉ်နှစ်စီးရှောင်တိမ်းရာမှ ထိုးကျတိမ်းမှောက်ခြင်းသာဖြစ်နိုင်ပြီး ယာဉ်ငယ်မှာ တိုယိုတာဝေ့ဗ် အမျိုးအစားဖြစ်ကြောင်း ယာဉ်ထိန်းရဲက သုံးသပ်ထားသည်။

သတင်း - #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~