မေကြးၿမိဳ႕ ကန္သာရပ္တြင္ ဒီဇင္ဘာ(၂၂) ရက္ေန႔ ည (၆)နာရီ(၄၀)မိနစ္အခ်ိန္ခန္႔တြင္ တီဗီမွ ဝါယာေရွာ့ျဖစ္ကာ မီးေလာင္သျဖင့္ ေနအိမ္သံုးလံုး မီးေလာင္ဆံုးရံႈးသြားေၾကာင္း သိရသည္။
မေကြးၿမိဳ႕ ကန္သာရပ္(A) အုပ္စု ဗႏၵာပင္လမ္းရိွ ဦးေမာင္ေမာင္၏ ေနအိမ္တြင္ တီဗီြဖြင့္ခဲ့ၿပီး အျပင္သို႔ သြားရာမွ တီဗီြဝါယာေ႐ွာ့ျဖစ္ကာ မီးစတင္ေလာင္ကြ်မ္းခဲ့ျခင္းျဖစ္ေၾကာင္း မီးသတ္မွတ္တမ္းအရ သိရသည္။
မီးေလာင္မႈျဖစ္ပြားရာသို႔ မီးသတ္ယာဥ္(၁၁)စီး၊ ေရသယ္ယာဥ္ (၃)စီးျဖင့္ မီးသတ္တပ္ဖဲြ႕ဝင္(၅၀)ဦး၊ အရန္မီးသတ္တပ္ဖဲြ႕ဝင္ (၁၅) ဦးတို႔အျပင္ ေအာင္ေျမရတနာ ေက်ာင္းတိုက္မွ သံဃာေတာ္မ်ား၊ ရပ္ကြက္ေန ျပည္သူမ်ား ဝိုင္းဝန္းၿငိႇမ္းသတ္ႏိုင္မႈေၾကာင့္ ည(၆)နာရီ(၄၅)မိနစ္အခ်ိန္တြင္ မီးၫြန္႔က်ိဳးၿပီး ည(၇)နာရီ အခ်ိန္တြင္ လံုးဝၿငိမ္းသြားခဲ႔ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈေၾကာင္႔ ေနအိမ္ပိုင္ရွင္ ဦးေမာင္ေမာင္အား မေကြးၿမိဳ႕မရဲစခန္းတြင္ (ပ)၃၇၉၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ အမႈဖြင္႔အေရး ယူေဆာင္ရြက္ထားေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု #ဖီးနစ္
မကွေးမြို့ ကန်သာရပ်(A) အုပ်စု ဗန္ဒါပင်လမ်းရှိ ဦးမောင်မောင်၏ နေအိမ်တွင် တီဗွီဖွင့်ခဲ့ပြီး အပြင်သို့ သွားရာမှ တီဗွီဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်မှတ်တမ်းအရ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ် (၃)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးတို့အပြင် အောင်မြေရတနာ ကျောင်းတိုက်မှ သံဃာတော်များ၊ ရပ်ကွက်နေ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်နိုင်မှုကြောင့် ည(၆)နာရီ(၄၅)မိနစ်အချိန်တွင် မီးညွန့်ကျိုးပြီး ည(၇)နာရီ အချိန်တွင် လုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် ဦးမောင်မောင်အား မကွေးမြို့မရဲစခန်းတွင် (ပ)၃၇၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေး ယူဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဖီးနစ်