မြန်မာရွှေ့ပြောင်းလုပ်သားအများစု အလုပ် လုပ်ကိုင်နေရာ ထိုင်းတောင်ပိုင်းရှိ ရာဘာ၊ သစ်စက် လုပ်ငန်းများတွင် လုပ်ငန်းအခြေအနေ ကျဆင်းမှုကြောင့် အလုပ်ရှင်နှင့် အလုပ်သမားပြဿနာများ ဖြစ်ပွားနေရာ မြန်မာလုပ်သားများအား အနီးကပ် ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံတောင်ပိုင်း အလုပ်သမား သံအရာရှိတစ်ဦးကို ဆူရတ်မြို့တွင် ခေတ္တထားရှိကြောင်း သိရသည်။
တောင်ပိုင်းဒေသတာဝန်ခံ အလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင်သည် ၂၀၁၈ ခုနှစ် မေလ (၂၃)ရက် နေ့တွင် ထိုင်းတောင်ပိုင်း ၊ MPC နှင့် သက်ဆိုင်ရာ အေဂျင်စီ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း တရန်ခရိုင်၊ စီခေါင်မြို့ရှိ Suan Jun Saw mill Lpt parawood သစ်စက် လုပ်ငန်းခွင်၌ ရွှေမြန်မာစံအေဂျင်စီမှ ပို့ဆောင်သော MOU အလုပ်သမား (၂၁) ယောက်အတွက် လုပ်ငန်းခွင် ထိခိုက်မှုနစ်နာကြေး ၊ ငွေကြေး ဖြတ်တောက်မှု၊ အလုပ်မှ ရပ်နားမှုနစ်နာကြေးကိစ္စရပ်များ နှင့် CI စာအုပ်နှင့် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို ဆွေးနွေး ညှိနှိုင်းပေးခဲ့ရာ အပြန်အလှန်သဘောတူညီမှု ရခဲ့ကြောင်း သိရသည်။
အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်အကူအညီတောင်းခံလာသော အလုပ်သမားများအတွက် ထိုင်းတောင်ပိုင်း သံအရာရှိနှင့်အဖွဲ့က အနီးကပ်လိုက်လံကူညီပေးနေရာ မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရပါက အလုပ်သမားသံအရာရှိရုံးမှ ဦးစန်းမောင်ဦး ၀၉၄၈၈၄၅၄၈၄ ၊ ဦးသန်းနိုင် ၀၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ၀၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ၀၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ၀၉၉၀၅၉၂၃၅၂ (ချင်းမိုင်)တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားအများစု အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်းမှ စက်ရုံ လုပ်ငန်းများသည် လုပ်ငန်းရပ်ဆိုင်းမည့် အခြေအနေများဖြင့် ကြုံနေရာ လုပ်ငန်းရပ်ဆိုင်းပါက မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ဥပဒေအရ အကျိုးခံစားခွင့်များ မဆုံးရှုံးစေရန် အလုပ်သမားသံအရာရှိရုံးက လိုက်လံကူညီပေးနေခြင်းဖြစ်ကြောင်း သိရသည်။
တောင်ပိုင်းဒေသတာဝန်ခံ အလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင်သည် ၂၀၁၈ ခုနှစ် မေလ (၂၃)ရက် နေ့တွင် ထိုင်းတောင်ပိုင်း၊ MPC နှင့် သက်ဆိုင်ရာ အေဂျင်စီ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း တရန်ခရိုင်၊ စီခေါင်မြို့ရှိ Suan Jun Saw mill Lpt parawood သစ်စက် လုပ်ငန်းခွင်၌ ရွှမြေန်မာစံအေဂျင်စီမှ ပို့ဆောင်သော MOU အလုပ်သမား (၂၁) ယောက်အတွက် လုပ်ငန်းခွင် ထိခိုက်မှုနစ်နာကြေး၊ ငွေကြေး ဖြတ်တောက်မှု၊ အလုပ်မှ ရပ်နားမှုနစ်နာကြေးကိစ္စရပ်များ နှင့် CI စာအုပ်နှင့် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးကို ဆွေးနွေး ညှိနှိုင်းပေးခဲ့ရာ အပြန်အလှန်သဘောတူညီမှု ရခဲ့ကြောင်း သိရသည်။
အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်အကူအညီတောင်းခံလာသော အလုပ်သမားများအတွက် ထိုင်းတောင်ပိုင်း သံအရာရှိနှင့်အဖွဲ့က အနီးကပ်လိုက်လံကူညီပေးနေရာ မြန်မာရွှေ့ပြောင်းလုပ်သားများ အနဖြေင့် လုပ်ငန်းခွင်ပြဿနာများ ကြုံတွေ့ရပါက အလုပ်သမားသံအရာရှိရုံးမှ ဦးစန်းမောင်ဦး ဝ၉၄၈၈၄၅၄၈၄၊ ဦးသန်းနိုင် ဝ၆၅၂၂၀၆၉၅၂၊ ဦးဇော်မင်းအောင် ဝ၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)၊ ဦးအောင်မင်း ဝ၆၅၂၂၀၆၉၅၃ (မဲဆောက်)၊ ဦးဦးခင်မောင် ဝ၉၉၀၅၉၂၃၅၂ (ချင်းမိုင်)တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားအများစု အလုပ် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်းမှ စက်ရုံ လုပ်ငန်းများသည် လုပ်ငန်းရပ်ဆိုင်းမည့် အခြေအနေများဖြင့် ကြုံနေရာ လုပ်ငန်းရပ်ဆိုင်းပါက မြန်မာရွှေ့ပြောင်း လုပ်သားများ အနဖြေင့် ဥပဒေအရ အကျိုးခံစားခွင့်များ မဆုံးရှုံးစေရန် အလုပ်သမားသံအရာရှိရုံးက လိုက်လံကူညီပေးနခြေင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ #အလုပ်သမားသံအရာရှိရုံး