ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္သည့္ ျမန္မာႏုိင္ငံသား (၄)ဦးအား ၂၀၁၈ ခုႏွစ္ ဇြန္လ၏ ပထမေန႔တြင္ တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားသို႔ မယ္ဆိုင္ဘက္က တာ၀န္ရွိသူမ်ားက လာေရာက္၍ လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။
၂၀၁၈ခုႏွစ္ ဇြန္လ(၁)ရက္ေန႔ ညေန(၃း၄၀)နာရီအခ်ိန္ ျမန္မာႏုိင္ငံသား အမ်ဳိးသား(၂)ဦး ႏွင့္ အမ်ဳိးသမီး (၂)ဦး စုစုေပါင္း (၄)ဦးအား လႊဲေျပာင္းေပးလာရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဆုိင္ရာဌာန၊ လူကုန္ကူးမႈတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏိႈင္းေရးေကာ္မတီ (CNCMC)တို႔မွ လက္ခံႀကိဳဆိုခဲ့ၾကေၾကာင္း သိရသည္။
ထိုင္းႏုိင္ငံတြင္ ေရႊ႕ေျပာင္းလုပ္သားမ်ားဆုိင္ရာ ဥပေဒအေျပာင္းအလဲေၾကာင့္ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္း လုပ္သားမ်ား မိမိဆႏၵအေလ်ာက္ ျမန္မာႏုိင္ငံ နယ္စပ္ဝင္ေပါက္မ်ားမွ ျပန္လာေနသူမ်ားလည္း ရိွၿပီး ထုိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးခံရသူမ်ားကို နယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံတာဝန္ ရိွသူမ်ားက လာေရာက္လႊဲေျပာင္းေပးေလ့ရိွသည္။
တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္အတြင္း ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္အေရအတြက္မွာ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁)ရက္ေန႔အထိ ကေလး (၁၅)ဦး၊ အမ်ိဳးသမီး (၁၀၁)ဦးႏွင့္ အမ်ိဳးသား( ၂၂၉)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု - CNCMC
၂၀၁၈ခုနှစ် ဇွန်လ(၁)ရက်နေ့ ညနေ(၃း၄၀)နာရီအချိန် မြန်မာနိုင်ငံသား အမျိုးသား(၂)ဦး နှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၄)ဦးအား လွှဲပြောင်းပေးလာရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)တို့မှ လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ ဥပဒေအပြောင်းအလဲကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများ မိမိဆန္ဒအလျောက် မြန်မာနိုင်ငံ နယ်စပ်ဝင်ပေါက်များမှ ပြန်လာနေသူများလည်း ရှိပြီး ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသူများကို နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံတာဝန် ရှိသူများက လာရောက်လွှဲပြောင်းပေးလေ့ရှိသည်။
တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့်အရေအတွက်မှာ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကလေး (၁၅)ဦး၊ အမျိုးသမီး (၁၀၁)ဦးနှင့် အမျိုးသား( ၂၂၉)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - CNCMC