တာချီလိတ်တွင် ကျင်းပနေသည့် Tachileik Winter Festival ပွဲတော်၏ အကျိုးအမြတ်ထဲမှ မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းအတွက် ရန်ပုံငွေထည့်ဝင် လှူဒါန်းမည်

တာချီလိတ်တွင် ကျင်းပနေသည့် Tachileik Winter Festival ပွဲတော်၏ အကျိုးအမြတ်ထဲမှ မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းအတွက် ရန်ပုံငွေထည့်ဝင် လှူဒါန်းမည်
နိုဝငျဘာ 6, 2018
By Tachileik News Agency

တာချီလိတ်တွင် ရန်ပုံငွေပွဲအဖြစ် ကျင်းပသည့် Tachileik Winter Festival ပွဲတော်အား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့တွင် စတင်ကျင်းပနေပြီး နိုဝင်ဘာလ(၉)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။





Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ရန်ပုံငွေပွဲအဖြစ် ကျင်းပသည့် Tachileik Winter Festival ပွဲတော်အား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့တွင် စတင်ကျင်းပနပြေီး နိုဝင်ဘာလ(၉)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော် ဖွင့်ပွဲအဖြစ် နိုဝင်ဘာလ(၅)ရက်နေ့ ညပိုင်းတွင် ဖွင့်ပွဲအခမ်းအနားနှင့်အတူ စတင် ကျင်းပရာ ရှမ်း၊ အာခါ၊ လားဟူတိုင်းရင်းသား အဆိုတော်များက သီဆိုဖျော်ဖြေခဲ့ကြကာ ဖွင့်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဝင်ကြေးအခမဲ့ဖြင့် သတ်မှတ်ထားသည့် ဧရိယာအတွင်း မည်သူမဆိုကြည့်ရှုနိုင်ရန် စီစဉ်ထားပြီး စားဝိုင်းဖြင့်ကြည့်သူများအား စားဝိုင်းလက်မှတ်များ ရောင်းချပေးကြောင်း သိရသည်။

Tachileik Winter Festival ပွဲတော်မှ ရရှိလာသည့် အကျိုးအမြတ်များထဲက ကျပ်သိန်း(၃၀)အား တာချီလိတ်မြို့ မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်း၏ ရန်ပုံငွေအဖြစ် သတ်မှတ်လှူဒါန်းကြောင်း သိရသည်။

“ကျွန်တော်တို့ အသင်းကို ဒီပွဲကနေ ကျပ်သိန်း (၃၀) လှူဒါန်းပါတယ်။"ဟု မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဦးစိုင်းရွှေထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

(၅)ရက်တိုင်တိုင်ကျင်းပပြုလုပ်မည့် အဆိုပါ ပွဲတော်အတွင်း နိုဝင်ဘာလ(၆)ရက်နေ့တွင် မြန်မာအဆိုတော်များ အဖြစ် ဝန၊ ဝေလ၊ နီနီခင်ဇော်၊ အိုက်ထွန်း၊ ဟန်ထွန်း တို့မှ လာရောက် သီဆိုမည်ဖြစ်ပြီး၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ထိုင်းနိုင်ငံ၏ နာမည်ကြီးအဆိုတော် Carabao အဖွဲ့ တို့မှာ လာရောက် သီဆိုဖျော်ဖြေမည့်အပြင် နိုဝင်ဘာလ(၈)ရက်နှင့်(၉)ရက်နေ့များတွင်လည်း ထိုင်းနိုင်ငံမှ နာမည်ကြီးအဆိုတော်များ လာရောက်သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း၊ ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~