ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ - ထိုင်း နာမည်ကြီးအဆိုတော်များ ပါဝင်သည့် တာချီလိတ်ဆောင်းရာသီပွဲတော်၏ ဒုတိယနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့ ဖျော်ဖြေပွဲတွင် ပွဲစီစဉ်သူများက မြန်မာနိုင်ငံဂီတအစည်းအရုံး(တာချီလိတ်)သို့ ကျပ်(၅)သိန်း လှူဒါန်း လိုက်ကြောင်း သိရသည်။
Tachileik Winter Festival ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့မှ နိုဝင်ဘာလ (၉)ရက်နေ့အထိ ရှမ်းရိုးမကွင်းတွင် နေ့စဉ် ညနေ(၆)နာရီမှစတင် ကျင်းပနေခြင်းဖြစ်ပြီး ပွဲမှရရှိလာသည့် အကျိုးအမြတ်မှ ကျပ်သိန်း(၃၀)ကိုလည်း တာချီလိတ်မြို့ မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်း၏ ရန်ပုံငွေအဖြစ် လှူဒါန်းထားကြောင်း သိရသည်။
Tachileik News Agency
အဆိုပါ အလှူငွေကို Tachileik Winter Festival ပွဲကျင်းပရေးအဖွဲ့၏ တာဝန်ရှိသူများကိုယ်စား အဆိုတော် နီနီခင်ဇော်က မြန်မာနိုင်ငံဂီတအစည်းအရုံး(တာချီလိတ်) ဥက္ကဌ ဦးစိုင်းလွယ်ခမ်းနှင့် အတွင်းရေးမှူး ဦးစိန်လွင်တို့ကို ပေးအပ် လှူဒါန်းပေးလိုက်ခြင်း ဖြစ်သည်။
"ပွဲလုပ်တဲ့အဖွဲ့က မြန်မာနိုင်ငံဂီတအစည်းအရုံး(တာချီလိတ်)အတွက် လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်တာပါ"ဟု ပွဲကျင်းပရေးအဖွဲ့မှ တစ်ဦးက ပြောသည်။
Tachileik Winter Festival ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၅)ရက်နေ့မှ နိုဝင်ဘာလ (၉)ရက်နေ့အထိ ရှမ်းရိုးမကွင်းတွင် နေ့စဉ် ညနေ(၆)နာရီမှစတင် ကျင်းပနခြေင်းဖြစ်ပြီး ပွဲမှရရှိလာသည့် အကျိုးအမြတ်မှ ကျပ်သိန်း(၃၀)ကိုလည်း တာချီလိတ်မြို့ မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်း၏ ရန်ပုံငွေအဖြစ် လှူဒါန်းထားကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲမှာ တာချီလိတ်မြို့တွင် ပထမဆုံးကျင်းပသည့် မြန်မာ - ထိုင်းအဆိုတော်ပေါင်းများစွာ ပါဝင်သည့် ဖျော်ဖြေပွဲတစ်ခုဖြစ်သည်။
Tachileik News Agency