ႏိုင္ငံတကာမွ Biker မ်ား ပါဝင္မည့္ တတိယအႀကိမ္ေျမာက္ Tachileik Bike Week ကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ရွမ္းရိုးမကြင္းတြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၁၄) ရက္ေန႔ႏွင့္ (၁၅) ရက္ေန႔မ်ား၌ က်င္းပသြားမည္ ျဖစ္ၿပီး ပြဲမွ ရရွိလာမည့္ အက်ဳိးအျမတ္အားလံုးကို တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပြဲကို တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Club က စီစဥ္ျခင္းျဖစ္ၿပီး ဘရူႏုိင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ထုိင္း၊ စကၤာပူ၊ လာအို၊ ဖိလစ္ပိုင္၊ ကေမၻာဒီးယားအျပင္ အျခားႏုိင္ငံသားမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
တတိယအႀကိမ္ေျမာက္ Tachileik Bike Week ၏ ပထမေန႔တြင္ ရွမ္းအဆိုေတာ္ စိုင္းဟန္လင္း၊ အဆိုေတာ္ သအို၊ ေဝလ၊ ဖိုးျပည့္ ႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔၏ သီဆိုေဖ်ာ္ေျဖမႈမ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ မဲေခါင္ျမစ္ကမ္းသို႔ ဆိုင္ကယ္ကြန္ဘြိဳင္းျဖင့္ စီးနင္းျခင္း အစီအစဥ္၌ စာရင္းေပးသြင္းထားသည့္ ၿမိဳ႕ခံမ်ားလည္း လုိက္ပါႏုိင္ၿပီး မဲေခါင္ျမစ္ကမ္းရိွ အထက(ဝမ္ပုံ)တြင္ စုေပါင္း လွဴဒါန္းၿပီးေနာက္ ေန႔လယ္စာေကၽြးမည္ျဖစ္ေၾကာင္း သိရသည္။
ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ ခ်င္းမိုင္မွ နာမည္ေက်ာ္ Black Hawk အဖြဲ႕၊ Black Head ေတးဂီတ အဖြဲ႕၊ အဆိုေတာ္ အိုက္ထြန္းတို႔၏ ေဖ်ာ္ေျဖမႈမ်ား၊ ေကာင္းဘြိဳင္း ရႈိး၊ ရွမ္း႐ိုးရာ လမုန္း(လမ္း၀ုန္း)အကမ်ားျဖင့္ ေဖ်ာ္ေျဖမႈမ်ား၊ ဆိုင္ကယ္ကလပ္မ်ား မိတ္ဆက္ျခင္း ႏွင့္ လက္ေဆာင္ပစၥည္းလဲလွယ္ျခင္းမ်ား ပါဝင္မည္ ျဖစ္ေၾကာင္း သိရသည္။
ပြဲအတြင္း ဝင္ေရာက္ လည္ပတ္လိုသူမ်ားအေနျဖင့္ ညပိုင္းတြင္ တစ္ဦးလွ်င္ ဘတ္(၂၀၀)ျဖင့္ ဝင္ေရာက္ လည္ပတ္ႏုိင္ေၾကာင္း သိရၿပီး ျပပြဲႏွင့္ေဖ်ာ္ေျဖပြဲဧရိယာမ်ား၌ AGB-TACHILEIK ႏွင့္ Golden Triangle Broadbands Co., Ltd. ( GTB ) တို႔က Wi-Fi အခမဲ့အသံုးျပဳခြင့္ ေပးထားမည္ျဖစ္ရာ ျပပြဲအဝင္ရိွ AGB-TACHILEIK ႏွင့္ Golden Triangle Broadbands Co., Ltd. (GTB) အေရာင္းျပခန္းတြင္ Wi-Fi Password ရယူနုိင္ေၾကာင္း သိရသည္။
ဒုတိယအႀကိမ္ေျမာက္ Tachileik BIKE WEEK ကို ၂၀၁၆ ခုႏွစ္က က်င္းပခဲ့စဥ္က ရရိွခဲ့သည့္ အက်ိဳးအျမတ္ က်ပ္သိန္း (၁၀၀)ကို တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕နယ္မ်ားသို႔ လွဴဒါန္းေပးခဲ့ျခင္းျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
နိုင်ငံတကာမှ Biker များ ပါဝင်မည့် တတိယအကြိမ်မြောက် Tachileik Bike Week ကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့များ၌ ကျင်းပသွားမည် ဖြစ်ပြီး ပွဲမှ ရရှိလာမည့် အကျိုးအမြတ်အားလုံးကို တာချီလိတ်မြို့နယ် အတွင်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club က စီစဉ်ခြင်းဖြစ်ပြီး ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအပြင် အခြားနိုင်ငံသားများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ်မြောက် Tachileik Bike Week၏ ပထမနေ့တွင် ရှမ်းအဆိုတော် စိုင်းဟန်လင်း၊ အဆိုတော် သအို၊ ဝေလ၊ ဖိုးပြည့် နှင့် ဖြူဖြူကျော်သိန်းတို့၏ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မဲခေါင်မြစ်ကမ်းသို့ ဆိုင်ကယ်ကွန်ဘွိုင်းဖြင့် စီးနင်းခြင်း အစီအစဉ်၌ စာရင်းပေးသွင်းထားသည့် မြို့ခံများလည်း လိုက်ပါနိုင်ပြီး မဲခေါင်မြစ်ကမ်းရှိ အထက(ဝမ်ပုံ)တွင် စုပေါင်း လှူဒါန်းပြီးနောက် နေ့လယ်စာကျွေးမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် ချင်းမိုင်မှ နာမည်ကျော် Black Hawk အဖွဲ့၊ Black Head တေးဂီတ အဖွဲ့၊ အဆိုတော် အိုက်ထွန်းတို့၏ ဖျော်ဖြေမှုများ၊ ကောင်းဘွိုင်း ရှိုး၊ ရှမ်းရိုးရာ လမုန်း(လမ်းဝုန်း)အကများဖြင့် ဖျော်ဖြေမှုများ၊ ဆိုင်ကယ်ကလပ်များ မိတ်ဆက်ခြင်း နှင့် လက်ဆောင်ပစ္စည်းလဲလှယ်ခြင်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ပွဲအတွင်း ဝင်ရောက် လည်ပတ်လိုသူများအနဖြေင့် ညပိုင်းတွင် တစ်ဦးလျှင် ဘတ်(၂၀၀)ဖြင့် ဝင်ရောက် လည်ပတ်နိုင်ကြောင်း သိရပြီး ပြပွဲနှင့်ဖျော်ဖြေပွဲဧရိယာများ၌ AGB-TACHILEIK နှင့် Golden Triangle Broadbands Co., Ltd. ( GTB ) တို့က Wi-Fi အခမဲ့အသုံးပြုခွင့် ပေးထားမည်ဖြစ်ရာ ပြပွဲအဝင်ရှိ AGB-TACHILEIK နှင့် Golden Triangle Broadbands Co., Ltd. (GTB) အရောင်းပြခန်းတွင် Wi-Fi Password ရယူနိုင်ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် Tachileik BIKE WEEK ကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့စဉ်က ရရှိခဲ့သည့် အကျိုးအမြတ် ကျပ်သိန်း (၁၀၀)ကို တာချီလိတ်နှင့် ကျိုင်းတုံမြို့နယ်များသို့ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~