ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် ရပ်ကွက်အတွင်း ပိုင်ရှင်မဲ့ ဆိုင်ကယ် တစ်စီးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့ ညပိုင်းက တွေ့ရှိထားသဖြင့် ရပ်ကွက်ရုံးတွင် သိမ်းဆည်း ပေးထားရာ ဒီဇင်ဘာလ(၂၄)ရက်နေ့အထိ လာရောက် ဆက်သွယ်သူ မရှိသေးကြောင်း သိရသည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် မယ်ခေါင်ရပ်ကွက် ပြည်သူ့စစ်တို့ ပူးပေါင်း၍ ဒုတိယအကြိမ် လုံခြုံရေး ကင်းလှည့်ခြင်းအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းက ဆောင်ရွက်စဉ် ပိုင်ရှင် မတွေ့ရဘဲ ရပ်ကွက်အတွင်း ရပ်ထားသည့် ဆိုင်ကယ်ကို တွေ့ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သိမ်းဆည်း ပေးထားခြင်းဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင် အနေဖြင့် ခိုင်လုံသည့် အထောက်အထားများနှင့်အတူ ရပ်ကွက်ရုံးသို့ လာရောက်ဆက်သွယ် ရယူနိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်များတွင် လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန်နှင့် ဖွင့်လှစ်ထားပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ်ထိုးထား စေပြီးနောက် မယ်ခေါင်ရပ်ကွက် လူထုဖြင့် လှည့်ကင်း ဆောင်ရွက်ခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ရာ ဒုတိယအကြိမ် လှည့်ကင်းတွင် ဆိုင်ကယ်တစ်စီးကို တွေ့ရသဖြင့် သိမ်းဆည်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် မယ်ခေါင်ရပ်ကွက် ပြည်သူ့စစ်တို့ ပူးပေါင်း၍ ဒုတိယအကြိမ် လုံခြုံရေး ကင်းလှည့်ခြင်းအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ ညပိုင်းက ဆောင်ရွက်စဉ် ပိုင်ရှင် မတွေ့ရဘဲ ရပ်ကွက်အတွင်း ရပ်ထားသည့် ဆိုင်ကယ်ကို တွေ့ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သိမ်းဆည်း ပေးထားခြင်းဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင် အနဖြေင့် ခိုင်လုံသည့် အထောက်အထားများနှင့်အတူ ရပ်ကွက်ရုံးသို့ လာရောက်ဆက်သွယ် ရယူနိုင်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်များတွင် လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန်နှင့် ဖွင့်လှစ်ထားပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ်ထိုးထား စပြေီးနောက် မယ်ခေါင်ရပ်ကွက် လူထုဖြင့် လှည့်ကင်း ဆောင်ရွက်ခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ကတည်းက စတင်ဆောင်ရွက်နခြေင်းဖြစ်ရာ ဒုတိယအကြိမ် လှည့်ကင်းတွင် ဆိုင်ကယ်တစ်စီးကို တွေ့ရသဖြင့် သိမ်းဆည်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency