ျမန္မာ - ထိုင္နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမို႕တြင္း သန္႔ရွင္းေရးအတြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေပၚရိွ ကြမ္းတံေတြးကြက္မ်ားကို အၿငိမ္းစားေက်ာင္းအုပ္ဆရာႀကီးတစ္ဦးမွ လိုက္လံရွင္းလင္းေပးေနေၾကာင္း သိရသည္။
"ကြမ္းတံေတြးေထြးတဲ့သူေတြအေနနဲ႔ ကၽြန္ေတာ္သန္႔ရွင္းေရးလုပ္တာသူတို႔ၾကည့္ၿပီး ငါတို႔ေထြးရင္မေကာင္းဘူးဆိုတာ သိေအာင္ သူတို႔စိတ္ဓာတ္ထဲမွာရိွသြားေအာင္လို႔ ဒါကို ကၽြန္ေတာ္လုပ္တာပါ"ဟု အၿငိမ္းစားေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚတြင္ စည္းကမ္းမဲ့ေထြးထားသည့္ ကြမ္းတံေတြးကြက္မ်ားရွင္းလင္းမႈမွာ ၂၀၁၉ခုႏွစ္ မတ္လ(၂၁)ရက္ေန႔ အခ်ိန္အထိ (၃) ရက္တာလုပ္ေဆာင္မႈျဖစ္ၿပီး ဆက္လက္လုပ္ေဆာင္သြားမည္ဟု သိရသည္။
"ယိုးဒယားနဲ႔ျမန္မာက ဟိုဘက္ ဒီဘက္ကပ္ရပ္ဗ်ာ။ ဟိုဘက္မွာက သန္႔ရွင္းလို႔ ဒီဘက္က ညစ္ပတ္လို႔။ လမ္းေတြမွာ ကြမ္းတံေတြးေတြ အမိႈက္ေတြပြေနတာပဲ။ ဟိုဘက္မွာဆို အမိႈက္မရိွဘူး။ ကြမ္းတံေတြးမရိွဘူး။ ကၽြန္ေတာ္တို႔လူမ်ိဳးက ကိုယ့္ေနရာကို မေလးစားဘူး။ ဟိုဘက္ကမ္းသြားရင္ အမိႈက္ေတာင္မပစ္ရဲဘူး။ ကၽြန္ေတာ္ အသက္ (၇၉) ႏွစ္ရိွၿပီ။ ဒါကိုလုပ္ျပတာ။ ေနာက္ကေလးေတြလည္း သိေအာင္လို႔။ ကိုယ့္ၿမိဳ႕ကိုယ္ သန္႔ရွင္းမွ ကိုယ့္ၿမိဳ႕လည္းသန္႔ရွင္းမယ္"ဟု အၿငိမ္းစားေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္က ေျပာသည္။
ျပည္နယ္တစ္ခု ၿမိဳ႕တစ္ၿမို႕စီမံခ်က္အရ ရွမ္းျပည္နယ္အတြင္း လ်ာထားသည့္ ၿမို႕ (၃) ၿမိဳ႕တြင္ ပါ၀င္ေနသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ အပတ္စဥ္ စေနေန႔တိုင္း စုေပါင္းအမိႈက္ေကာက္လႈပ္ရွားမႈကို ဌာနဆိုင္ရာမ်ားႏွင့္ ရပ္ကြက္ေနလူထုမွ မတ္လ (၉) ရက္ေန႔မွစတင္ေဆာင္ရြက္ေနၿပီး (၁) ႏွစ္တာ စီမံခ်က္ျဖင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"ကွမ်းတံတွေးထွေးတဲ့သူတွေအနေနဲ့ ကျွန်တော်သန့်ရှင်းရေးလုပ်တာသူတို့ကြည့်ပြီး ငါတို့ထွေးရင်မကောင်းဘူးဆိုတာ သိအောင် သူတို့စိတ်ဓာတ်ထဲမှာရှိသွားအောင်လို့ ဒါကို ကျွန်တော်လုပ်တာပါ"ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးခင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် စည်းကမ်းမဲ့ထွေးထားသည့် ကွမ်းတံတွေးကွက်များရှင်းလင်းမှုမှာ ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက်နေ့ အချိန်အထိ (၃) ရက်တာလုပ်ဆောင်မှုဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။
"ယိုးဒယားနဲ့မြန်မာက ဟိုဘက် ဒီဘက်ကပ်ရပ်ဗျာ။ ဟိုဘက်မှာက သန့်ရှင်းလို့ ဒီဘက်က ညစ်ပတ်လို့။ လမ်းတွေမှာ ကွမ်းတံတွေးတွေ အမှိုက်တွေပွနေတာပဲ။ ဟိုဘက်မှာဆို အမှိုက်မရှိဘူး။ ကွမ်းတံတွေးမရှိဘူး။ ကျွန်တော်တို့လူမျိုးက ကိုယ့်နေရာကို မလေးစားဘူး။ ဟိုဘက်ကမ်းသွားရင် အမှိုက်တောင်မပစ်ရဲဘူး။ ကျွန်တော် အသက် (၇၉) နှစ်ရှိပြီ။ ဒါကိုလုပ်ပြတာ။ နောက်ကလေးတွေလည်း သိအောင်လို့။ ကိုယ့်မြို့ကိုယ် သန့်ရှင်းမှ ကိုယ့်မြို့လည်းသန့်ရှင်းမယ်"ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးခင်မောင်က ပြောသည်။
ပြည်နယ်တစ်ခု မြို့တစ်မြို့စီမံချက်အရ ရှမ်းပြည်နယ်အတွင်း လျာထားသည့် မြို့ (၃) မြို့တွင် ပါဝင်နေသည့် တာချီလိတ်မြို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေလူထုမှ မတ်လ (၉) ရက်နေ့မှစတင်ဆောင်ရွက်နပြေီး (၁) နှစ်တာ စီမံချက်ဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း