ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(က) ေက်းရြာအုပ္စုရိွ ပိန္းေညာင္ေက်းရြာတြင္ ျပည္ေထာင္စုလႊတ္ေတာ္ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြႏွင့္ ေက်းရြာသားတို႔မ်ား စုေပါင္းထည့္၀င္ေငြျဖင့္တည္ေဆာက္သည့္ နမ့္လႊဲေခ်ာင္းကူးတံတားကို မတ္လ (၂၈) ရက္ေန႔တြင္ ဖြင့္လွစ္လိုက္သည္။
"ပိန္းေညာင္ (၁၊၂၊၃)ကို ဆက္သြယ္ထားတာပါ။ ေရႀကီးတဲ့အခ်ိန္ ကေလးေတြ ေက်ာင္းသြားရတာ အင္မတန္ ဒုကၡေရာက္တယ္။ အခုၾကည့္လိုက္ရင္ေရက နည္းနည္းေလးပဲရိွတယ္။ မိုးတြင္းမွာဆို ေရကေတာ္ေတာ္ေလးႀကီးပါတယ္။ လယ္ေတြပါ အကုန္လံုးျမႇဳပ္ပါတယ္။ ၀ါးနဲ႔ေဆာက္တာ အႀကိမ္ေပါင္းမနည္းေတာ့ပါဘူး။ တစ္ႏွစ္ကို (၂) ခါ ေလာက္ျပဳျပင္ရတယ္။ သံနဲ႔တံတားလုပ္ထားေတာ့လဲ တစ္ႏွစ္ေတာင္မသံုးလိုက္ရပါဘူး။ ေရနဲ႔ ပါသြားပါတယ္။ အရင္တံတားေတြက လူပဲကူးလို႔ရတာ။ ဆိုင္ကယ္နဲ႔သြားလို႔မရဘူး။ တံတားေကာင္းေကာင္း မလုပ္တာက မထူးဘူးေလ။ ေရထဲပါပါသြားတာ။ ေက်ာင္းဖြင့္ခ်ိန္မွာ ေရႀကီးတယ္ဆိုရင္တစ္ခ်ိဳ႕ကေလးေတြက မိဘေတြ လိုက္မပို႔ရင္မသြားႏိုင္ဘူး။ ေရတအားႀကီးလို႔။ ေရနည္းနည္းက်တဲ့အခ်ိန္မွာ ပခံုးထမ္းၿပီး လူႀကီးေတြက ႀကိဳ ပို႔တာေတြရိွပါတယ္"ဟု ပိန္းေညာင္ေက်းရြာမွ ေဒသခံ ဦးအားၾကည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။
ျပည္ေထာင္စုလႊတ္ေတာ္ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြ က်ပ္သိန္း (၅၀)ျဖင့္မတည္ၿပီး ပိန္းေညာင္(၂)ႏွင့္ ပိန္းေညာင္(၃) ၾကားရိွ နမ့္လြဲေခ်ာင္းကူးတံတားကို အက်ယ္ (၁၂) ေပ၊ အရွည္ (၁၇) ေပရိွ သံကူကြန္ကရစ္တံတား အျဖစ္ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ (၁၂) ရက္ေန႔က စတင္တည္ေဆာက္ခဲ့ၿပီး မတ္လ (၂) ရက္ေန႔တြင္ အၿပီးတည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး စုစုေပါင္းကုန္က်ေငြက်ပ္သိန္းေပါင္း (၁၅၀)ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ တံတားဖြင့္ပြဲသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္ ႏွင့္ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဆြမ္လစ္ ႏွင့္ တာ၀န္ရွိသူမ်ားမွ တက္ေရာက္ကာ ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ၾကသည္။
ပိန္းေညာင္ေက်းရြာတြင္ အာခါတိုင္းရင္းသားမ်ားေနထိုင္ၿပီး ရြာ(၃) ရြာတြင္ မူလတန္းေက်ာင္းတစ္ခုသာရိွၿပီး ေက်ာင္းသား (၁၂၀) ေက်ာ္ ပညာသင္ၾကားေနေၾကာင္း ႏွင့္ မိုးတြင္းကာလေခ်ာင္းေရႀကီးခ်ိန္မ်ားတြင္ ေက်ာင္းသားမ်ာ းမလာေရာက္ႏိုင္သျဖင့္ ေက်ာင္းပိတ္ထားရမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - #ေက်ာ္ဇင္ဟိန္း #ရဲျမင့္ဦး
"ပိန်းညောင် (၁၊၂၊၃)ကို ဆက်သွယ်ထားတာပါ။ ရကြေီးတဲ့အချိန် ကလေးတွေ ကျောင်းသွားရတာ အင်မတန် ဒုက္ခရောက်တယ်။ အခုကြည့်လိုက်ရင်ရေက နည်းနည်းလေးပဲရှိတယ်။ မိုးတွင်းမှာဆို ရေကတော်တော်လေးကြီးပါတယ်။ လယ်တွေပါ အကုန်လုံးမြှုပ်ပါတယ်။ ဝါးနဲ့ဆောက်တာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ တစ်နှစ်ကို (၂) ခါ လောက်ပြုပြင်ရတယ်။ သံနဲ့တံတားလုပ်ထားတော့လဲ တစ်နှစ်တောင်မသုံးလိုက်ရပါဘူး။ ရေနဲ့ ပါသွားပါတယ်။ အရင်တံတားတွေက လူပဲကူးလို့ရတာ။ ဆိုင်ကယ်နဲ့သွားလို့မရဘူး။ တံတားကောင်းကောင်း မလုပ်တာက မထူးဘူးလေ။ ရေထဲပါပါသွားတာ။ ကျောင်းဖွင့်ချိန်မှာ ရကြေီးတယ်ဆိုရင်တစ်ချို့ကလေးတွေက မိဘတွေ လိုက်မပို့ရင်မသွားနိုင်ဘူး။ ရေတအားကြီးလို့။ ရေနည်းနည်းကျတဲ့အချိန်မှာ ပခုံးထမ်းပြီး လူကြီးတွေက ကြို ပို့တာတွေရှိပါတယ်"ဟု ပိန်းညောင်ကျေးရွာမှ ဒေသခံ ဦးအားကြည်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ပြည်ထောင်စုလွှတ်တော်ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း (၅၀)ဖြင့်မတည်ပြီး ပိန်းညောင်(၂)နှင့် ပိန်းညောင်(၃) ကြားရှိ နမ့်လွဲချောင်းကူးတံတားကို အကျယ် (၁၂) ပေ၊ အရှည် (၁၇) ပေရှိ သံကူကွန်ကရစ်တံတား အဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့က စတင်တည်ဆောက်ခဲ့ပြီး မတ်လ (၂) ရက်နေ့တွင် အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းကုန်ကျငွေကျပ်သိန်းပေါင်း (၁၅၀)ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ် နှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းဆွမ်လစ် နှင့် တာဝန်ရှိသူများမှ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ပိန်းညောင်ကျေးရွာတွင် အာခါတိုင်းရင်းသားများနေထိုင်ပြီး ရွာ(၃) ရွာတွင် မူလတန်းကျောင်းတစ်ခုသာရှိပြီး ကျောင်းသား (၁၂၀) ကျော် ပညာသင်ကြားနေကြောင်း နှင့် မိုးတွင်းကာလချောင်းရကြေီးချိန်များတွင် ကျောင်းသားများမလာရောက်နိုင်သဖြင့် ကျောင်းပိတ်ထားရမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - #ကျော်ဇင်ဟိန်း #ရဲမြင့်ဦး