ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ သင္တန္းသား အေယာက္(၁၀၀)တက္ေရာက္သည့္ အရန္မီးသတ္တပ္ဖြဲ႔၀င္မ်ား ေလ့က်င့္ေရးမြမ္းမံသင္တန္း အမွတ္စဥ္ (၁/၂၀၁၉)ဆင္းပြဲကို မတ္လ (၂၉) ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။
"သဘာ၀ေဘးအႏၱရာယ္နဲ႔ မီးေဘးအႏၱရာယ္ေတြမွာ ကူညီေဆာင္ရြက္ႏိုင္ေအာင္လို႔ လက္ဦးမႈရရိွဖို႔ အရန္မီးသတ္တပ္ဖြဲ႕၀င္ေတြ မ်ားလာေတာ့ ရပ္ကြက္တိုင္းမီးေလာင္မႈနည္းလာေအာင္လို႔ မီးသတ္ပညာ အသိပညာေပးသင္တန္းေတြ တက္တဲ့အခါ ကိုယ္တိုင္လည္း မီးၿငိမ္းသတ္တယ္။ ကိုယ္တိုင္လည္း ကာကြယ္ေပးႏိုင္တာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
သင္တန္းဆင္းပြဲတြင္ တာခ်ီလိတ္ဒုတိယၿမိဳ႕နယ္အုပ္္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ သင္တန္းဆင္းမိန္႔ခြန္းေျပာၾကားခဲ့ၿပီး ဒုတိယၿမိဳ႕နယ္လဝကမႉး ဦးစိုင္းခမ္းေခါင္မွ သင္တန္းဆင္းလက္မွတ္မ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။
အဆိုပါ သင္တန္းအား ၂၀၁၉ခုႏွစ္ မတ္လ(၃)ရက္ေန႔ စတင္ကာ မတ္လ(၂၉)ရက္ေန႔အထိ ဖြင့္လွစ္ရာတြင္ မိုင္းကိုးေက်းရြာအုပ္စုမွ သင္တန္းသား (၅၀)၊ ဖန္မင္ေက်းရြာအုပ္စုမွ သင္တန္းသား (၅၀) စုစုေပါင္း သင္တန္းသား (၁၀၀) တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ၿမိဳ႕နယ္မီးသတ္
"သဘာဝဘေးအန္တရာယ်နဲ့ မီးဘေးအန္တရာယ်တွေမှာ ကူညီဆောင်ရွက်နိုင်အောင်လို့ လက်ဦးမှုရရှိဖို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ များလာတော့ ရပ်ကွက်တိုင်းမီးလောင်မှုနည်းလာအောင်လို့ မီးသတ်ပညာ အသိပညာပေးသင်တန်းတွေ တက်တဲ့အခါ ကိုယ်တိုင်လည်း မီးငြိမ်းသတ်တယ်။ ကိုယ်တိုင်လည်း ကာကွယ်ပေးနိုင်တာပေါ့"ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သင်တန်းဆင်းပွဲတွင် တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ဒုတိယမြို့နယ်လဝကမှူး ဦးစိုင်းခမ်းခေါင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
သင်တန်းအား ၂၀၁၉ခုနှစ် မတ်လ(၃)ရက်နေ့ စတင်ကာ မတ်လ(၂၉)ရက်နေ့အထိ ဖွင့်လှစ်ရာတွင် မိုင်းကိုးကျေးရွာအုပ်စုမှ သင်တန်းသား (၅၀)၊ ဖန်မင်ကျေးရွာအုပ်စုမှ သင်တန်းသား (၅၀) စုစုပေါင်း သင်တန်းသား (၁၀၀) တက်ရောက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - မြို့နယ်မီးသတ်