မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အနောက်ဘက်ရှိ မယ်ခေါင်ဝန်ထမ်းအိမ်ရာတွင် ၂၀၁၉ခုနှစ် မတ်လ (၂၉) ရက်နေ့ ညပိုင်းက အခန်းနှစ်ခန်း ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း နှင့် ဖောက်ထွင်းခံရမှုကြောင့် ပုဆိုး(၆)ထည်နှင့် ရေဒီယိုတစ်လုံး ပါသွားကြောင်း သိရသည်။
မယ်ခေါင်ရပ်ကွက်ဝန်ထမ်းအိမ်ရာတွင် တိုက်တန်းလျား (၃)ခု ဆောက်လုပ်ပေးထားပြီး တိုက်တစ်လုံးလျှင် အထပ် (၄) ထပ်ပါရှိရာ အခန်း (၁၆) ခန်းနှုန်းဖြင့် စုစုပေါင်း (၄၈) ခန်းရှိပြီး ၂၀၁၈ ခုနှစ် မေလမှစတင်ကာ နိုင်ငံ့ဝန်ထမ်းပေါင်းစုံနေထိုင်ခဲ့ပြီးနောက် ဆိုင်ကယ်ပျောက်ဆုံးမှုများ၊ ဖောက်ထွင်းခံရမှုများရှိနေကြောင်း နေထိုင်သူများက ပြောသည်။
"လုံခြုံရေးဝန်ထမ်းမရှိဘူး၊ အိမ်ယာစဖွင့်ပြီး (၂)လ (၃)လလောက်ပဲရှိသေးတယ်၊ ဆိုင်ကယ်(၂)စီးပျောက်သွားတယ်၊ သူခိုးဝင်လာတာကို သူများတွေမြင်တော့ ညဖက် တံခါးပိတ်ဖို့ ဦးလေးတစ်ယောက်ကို ခန့်ထားတာ၊ အဲ့ဒါလည်း ကိုယ်ထူကိုယ်ထသဘော ပေါင်းပြီးခန့်ထားတာ"ဟု အဆိုပါ အိမ်ရာတွင် နေထိုင်သူ ၀န်ထမ်းတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင် အနုကြမ်းဝင်စီးခံရမှုဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းတွင် ၀ိန်းကျောက်ရပ်ကွက်အတွင်းရှိ တစ်ဆိုင်၌ အသက်(၄၀)ကျော် အမျိုးသားတစ်ဦး ဆိုင်ရှင်အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ်တစ်လုံး အလစ်သုတ်ခိုးယူမှုလည်း ဖြစ်ပွားခဲ့သည့်အပြင် ညပိုင်းတွင် မယ်ခေါင်ဝန်ထမ်းအိမ်ရာရှိ အခန်းနှစ်ခန်းမှာ ဖောက်ထွင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
"အခန်းနှစ်ခန်းဗျ။ ဝန်ထမ်းတွေသင်တန်းသွားတက်နေတဲ့အချိန် ဖြစ်သွားတာ။ မျက်နှာချင်းဆိုင်အခန်းကပြောမှသိရတာဗျ။ တံခါး ပတ်တာကို ဝက်အူလှည့်နဲ့ ဖြုတ်ပြီး အတွင်းထဲမွှေသွားတာ။ ခဏခဏဖြစ်တယ်။ လူမရှိတဲ့အခန်းတွေချည်းဖြစ်နေတာ"ဟု အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ဖောက်ထွင်းခံရမှုကြောင့် အခန်းနှစ်ခန်းအနက် တစ်ခန်းတွင် ပုဆိုး(၆)ထည် နှင့် ရေဒီယိုတစ်လုံး ပါသွားပြီး ကျန်တစ်ခန်းမှာ မွှေနှောက်ရှာဖွေခံထားရကြောင်း သိရသည်။
မယ်ခေါင်ရပ်ကွက်ဝန်ထမ်းအိမ်ယာတွင် တိုက်တန်းလျား (၃)ခု ဆောက်လုပ်ပေးထားပြီး တိုက်တစ်လုံးလျှင် အထပ် (၄) ထပ်ပါရှိရာ အခန်း (၁၆) ခန်းနှုန်းဖြင့် စုစုပေါင်း (၄၈) ခန်းရှိပြီး ၂၀၁၈ ခုနှစ် မေလမှစတင်ကာ နိုင်ငံ့ဝန်ထမ်းပေါင်းစုံနေထိုင်ခဲ့ပြီးနောက် ဆိုင်ကယ်ပျောက်ဆုံးမှုများ၊ ဖောက်ထွင်းခံရမှုများရှိနေကြောင်း နေထိုင်သူများက ပြောသည်။
"လုံခြုံရေးဝန်ထမ်းမရှိဘူး၊ အိမ်ယာစဖွင့်ပြီး (၂)လ (၃)လလောက်ပဲရှိသေးတယ်၊ ဆိုင်ကယ်(၂)စီးပျောက်သွားတယ်၊ သူခိုးဝင်လာတာကို သူများတွမြေင်တော့ ညဖက် တံခါးပိတ်ဖို့ ဦးလေးတစ်ယောက်ကို ခန့်ထားတာ၊ အဲ့ဒါလည်း ကိုယ်ထူကိုယ်ထသဘော ပေါင်းပြီးခန့်ထားတာ"ဟု အဆိုပါ အိမ်ရာတွင် နေထိုင်သူ ဝန်ထမ်းတစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင် အနုကြမ်းဝင်စီးခံရမှုဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းတွင် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ တစ်ဆိုင်၌ အသက်(၄၀)ကျော် အမျိုးသားတစ်ဦး ဆိုင်ရှင်အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိ်တ်တစ်လုံး အလစ်သုတ်ခိုးယူမှုလည်း ဖြစ်ပွားခဲ့သည့်အပြင် ညပိုင်းတွင် မယ်ခေါင်ဝန်ထမ်းအိမ်ယာရှိ အခန်းနှစ်ခန်းမှာ ဖောက်ထွင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း