တာချီလိတ်တွင် တောမီးခိုးမြူ ပိုမိုများပြားလာ၍ နှာခေါင်းစည်းများ ဖြန့်ဝေပေးကာ မီးသတ်မှ ရေဖြန်း

တာချီလိတ်တွင် တောမီးခိုးမြူ ပိုမိုများပြားလာ၍ နှာခေါင်းစည်းများ ဖြန့်ဝေပေးကာ မီးသတ်မှ ရေဖြန်း
မတျ 30, 2019
By Tachileik News Agency

နယ်စပ်တစ်လျှောက် တောင်ယာမီးရှို့မှုများကြောင့်  မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေ၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက  မြို့တွင်း မီးခိုးမြူလျော့ကျရေးအတွက် ရေဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းတို့ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်နေကြသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ပါဝင်သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ နှာခေါင်းစည်းများအား ရန်အောင်မြေရပ်ကွက် ပါလျှံမီးပွိုင့်ဝန်းကျင်နှင့် ရှမ်းရိုးမကွင်းရှေ့တို့တွင် ပေးဝေကြသည်။


ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် စိုက်ပျိုးမြေအတွက် တောင်ယာမီးရှို့သည့်လေ့များ ကျင့်သုံးနေကြရာ ပွင့်လင်းရာသီရောက်သည်နှင့် မီးခိုးမြူဖုံးလွှမ်းခြင်းကို တာချီလိတ်မြို့အပါအဝင် သုံးနိုင်ငံနယ်စပ်ဒေသတွင်ရှိနေသည့် မြို့ရွာများမှာ နှစ်စဉ်ကြုံတွေ့ခံစားနေရခြင်းဖြစ်သည်။

Tachileik News Agency


 


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်တစ်လျှောက် တောင်ယာမီးရှို့မှုများကြောင့် မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းနေ၍ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီက မြို့တွင်း မီးခိုးမြူလျော့ကျရေးအတွက် ရေဖျန်းခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းတို့ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်နကြေသည်။

၂၀၁၉ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိ်တ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ပါဝင်သည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ နှာခေါင်းစည်းများအား ရန်အောင်မြေရပ်ကွက် ပါလျှံမီးပွိုင့်ဝန်းကျင်နှင့် ရှမ်းရိုးမကွင်းရှေ့တို့တွင် ပေးဝကြေသည်။

တာချီလိတ်တွင် မီးခိုးမြူများမှာ မတ်လ(၂၈)မှ (၂၉)ရက်နေ့အထိ လျော့ကျသွားခဲ့သော်လည်း မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် သိသိသာသာ ဖုံးလွှမ်းလာမှုများ ဖြစ်ပေါ်နေသည့်အတွက် လေထုတိုင်းတာရေးစနစ်ဖြင့် တိုင်းတာခြင်းများကို ပြုလုပ်နေလျက်ရှိပြီး၊ ကျန်းမာရေးအသိပညာပေးမှုများလည်း လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် စိုက်ပျိုးမြေအတွက် တောင်ယာမီးရှို့သည့်လေ့များ ကျင့်သုံးနကြေရာ ပွင့်လင်းရာသီရောက်သည်နှင့် မီးခိုးမြူဖုံးလွှမ်းခြင်းကို တာချီလိတ်မြို့အပါအဝင် သုံးနိုင်ငံနယ်စပ်ဒေသတွင်ရှိနေသည့် မြို့ရွာများမှာ နှစ်စဉ်ကြုံတွေ့ခံစားနေရခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net