"တာခ်ီလိတ္က အဓိက နယ္စပ္က ထိုင္းႏိုင္ငံနဲ႔ ဆက္စပ္ေနတာေပါ့။ ထိုင္းႏိုင္ငံမွာေတာ့ လတ္တေလာ ဒီေရာဂါ မက်ေရာက္ေသးဘူးလို႔ သိရတယ္။ ဒါေပမဲ့ အခ်ိန္မေရြး က်ေရာက္လာႏိုင္တဲ့အတြက္ တာခ်ီလိတ္ခရိုင္ ေမြးျမဴေရးနဲ႔ ကုသေရးဦးစီးဌာနအေနနဲ႔လည္း ႀကိဳတင္ကာကြယ္ေရးအေနနဲ႔ စီးပြားျဖစ္ဝက္ေမြးျမဴေရးၿခံေတြမွာ ဇီဝလံုၿခံဳေရးလုပ္ငန္းစဥ္ေတြ ေသခ်ာေဆာင္ရြက္ဖို႔၊ ပိုးသတ္ေဆးျဖန္းဖို႔၊ ၿခံအဝင္အထြက္ကို ထိန္းခ်ဳပ္ဖို႔၊ ျပင္ပကဝက္နဲ႔ဝက္ထြက္ပစၥည္းေတြ ၿခံတြင္းမသယ္ေဆာင္ဖို႔ ေျပာၾကားထားပါတယ္။ တစ္ပိုင္တစ္ႏိုင္ ေမြးျမဴေရးသမားေတြအတြက္လည္း ၿခံသန္႔ရွင္းေရးလုပ္ဖို႔နဲ႔ ျပင္ပက စားႀကြင္းစားက်န္ေတြကို ယူၿပီးမေၾကြးဖို႔ ညႊန္ၾကားထားပါတယ္"ဟု တာခ်ီလိတ္ခရိုင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာေနလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ရိွ ဝက္ေကာင္ေရေထာင္ႏွင့္ခ်ီ၍ေမြးျမဴသည့္ စီးပြားျဖစ္ဝက္ေမြးျမဴေရးၿခံ (၁၀)ၿခံတြင္ ကာကြယ္ေဆးမ်ား ပံုမွန္ထိုးႏွံေပးျခင္း အပါအဝင္ စနစ္တက်ေမြးျမဴေရးကို ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက လမ္းညႊန္ေဆာင္ရြက္ေပးေနျခင္းျဖစ္ၿပီး အသားထုတ္လုပ္ျခင္းကို စည္ပင္သာယာေရးဦးစီးဌာနမွ စစ္ေဆးအတည္ျပဳသည့္ ေထာက္ခံခ်က္မ်ားျဖင့္ ထုတ္လုပ္ေရာင္းခ်ရျခင္းျဖစ္ေၾကာင္း သိရသည္။
"ဝက္ေတြကို ပံုမွန္ကာကြယ္ေဆးလည္း ထိုးပါတယ္။ စည္ပင္ရဲ႕ စစ္ေဆးခ်က္နဲ႔ အသားေတြ ထုတ္လုပ္ေရာင္းခ်တာျဖစ္ပါတယ္"ဟု ေရႊေကာင္းကင္ဝက္ေမြးျမဴေရးၿခံမွ ေဒၚႏွင္းယုေဝက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ေပၚရိွ စီးပြားျဖစ္ဝက္ေမြးျမဴေရးၿခံမ်ားကို ပံုမွန္စစ္ေဆးျခင္းအျပင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ကာကြယ္ေရးအတြက္ ဇီဝလံုၿခံဳေရးစနစ္ျမႇင့္တင္ေရးစစ္ေဆးျခင္းကို စည္ပင္သာယာေရးဌာနႏွင့္ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတုိ႔ ပူးေပါင္း၍ စစ္ေဆးလုပ္ေဆာင္ထားသည့္အျပင္ မယ့္ဖားလံုေဖါင္ေဒးရွင္းႏွင့္ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနတုိ႔ပူးေပါင္းကာ ခရိုင္အတြင္းရိွ တစ္ပိုင္တစ္ႏုိင္ေမြးျမဴေရးၿခံမ်ားကိုလည္း ဇီဝလံုၿခံဳေရးစစ္ေဆးျခင္း၊ အသိပညာေပးျခင္းတုိ႔ကို လုပ္ေဆာင္ထားေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟန္း
"တာချီလိတ်က အဓိက နယ်စပ်က ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတာပေါ့။ ထိုင်းနိုင်ငံမှာတော့ လတ်တလော ဒီရောဂါ မကျရောက်သေးဘူးလို့ သိရတယ်။ ဒါပေမဲ့ အချိန်မရွေး ကျရောက်လာနိုင်တဲ့အတွက် တာချီလိတ်ခရိုင် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနအနေနဲ့လည်း ကြိုတင်ကာကွယ်ရေးအနေနဲ့ စီးပွားဖြစ်ဝက်မွေးမြူရေးခြံတွေမှာ ဇီဝလုံခြုံရေးလုပ်ငန်းစဉ်တွေ သေချာဆောင်ရွက်ဖို့၊ ပိုးသတ်ဆေးဖြန်းဖို့၊ ခြံအဝင်အထွက်ကို ထိန်းချုပ်ဖို့၊ ပြင်ပကဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ ခြံတွင်းမသယ်ဆောင်ဖို့ ပြောကြားထားပါတယ်။ တစ်ပိုင်တစ်နိုင် မွေးမြူရေးသမားတွေအတွက်လည်း ခြံသန့်ရှင်းရေးလုပ်ဖို့နဲ့ ပြင်ပက စားကြွင်းစားကျန်တွေကို ယူပြီးမကြွေးဖို့ ညွှန်ကြားထားပါတယ်"ဟု တာချီလိတ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ရှိ ဝက်ကောင်ရေထောင်နှင့်ချီ၍မွေးမြူသည့် စီးပွားဖြစ်ဝက်မွေးမြူရေးခြံ (၁၀)ခြံတွင် ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးခြင်း အပါအဝင် စနစ်တကျမွေးမြူရေးကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လမ်းညွှန်ဆောင်ရွက်ပေးနခြေင်းဖြစ်ပြီး အသားထုတ်လုပ်ခြင်းကို စည်ပင်သာယာရေးဦးစီးဌာနမှ စစ်ဆေးအတည်ပြုသည့် ထောက်ခံချက်များဖြင့် ထုတ်လုပ်ရောင်းချရခြင်းဖြစ်ကြောင်း သိရသည်။
"ဝက်တွေကို ပုံမှန်ကာကွယ်ဆေးလည်း ထိုးပါတယ်။ စည်ပင်ရဲ့ စစ်ဆေးချက်နဲ့ အသားတွေ ထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်"ဟု ရွှေကောင်းကင်ဝက်မွေးမြူရေးခြံမှ ဒေါ်နှင်းယုဝေက ပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ စီးပွားဖြစ်ဝက်မွေးမြူရေးခြံများကို ပုံမှန်စစ်ဆေးခြင်းအပြင် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံရေးစနစ်မြှင့်တင်ရေးစစ်ဆေးခြင်းကို စည်ပင်သာယာရေးဌာနနှင့် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးလုပ်ဆောင်ထားသည့်အပြင် မယ့်ဖားလုံဖောင်ဒေးရှင်းနှင့် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ ခရိုင်အတွင်းရှိ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံများကိုလည်း ဇီဝလုံခြုံရေးစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ထားကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟန်း