အာရှဒေသတွင်း အစိုးရတစ်ရပ်နှင့် ဆက်နွယ်ကြောင်း သံသရှိရသည့် ဟက်ကာအုပ်စုက အာဆီယံကို ပစ်မှတ်ထားလာ

အာရှဒေသတွင်း အစိုးရတစ်ရပ်နှင့် ဆက်နွယ်ကြောင်း သံသရှိရသည့် ဟက်ကာအုပ်စုက အာဆီယံကို ပစ်မှတ်ထားလာ
By Mr John

 အစိုးရတစ်ရပ်က အထောက်အပံ့ပေးထားသည်ဟု သံသယရှိရသည့် ဟက်ကာအုပ်စုတစ်ခုက အာဆီယံအဖွဲ့ဝင် နိုင်ငံများကို တိုးချဲ့ပစ်မှတ်ထားလာကြောင်း သိရသည်။ 

အာရှဒေသတွင်း အစိုးရတစ်ရပ်နှင့် ဆက်နွယ်နေကြောင်း သံသယရှိရသည့် ဟက်ကာအုပ်စုတစ်ခုက ထိုင်းနှင့် အင်ဒိုနီးရှား အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ အစိုးရဌာနများကို ပစ်မှတ်ထားလာကြပြီး ၂၀၂၃ ခုနှစ် ဧပြီလအထိ ဆိုက်ဘာသူလျှိုလုပ်မှုရှိခဲ့ကြောင်း ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Group-IB က ပြောသည်။

Dark Pink ဟု စင်ကာပူနိုင်ငံ အခြေစိုက် Grup-IB ကုမ္ပဏီက အမည်ပေးထားသော ဟက်ကာအုပ်စုမှာ ဆန်းပြားရှုပ်ထွေးသော malware နှင့် phishing email များသုံးပြီး ပစ်မှတ်အသစ် (၅) ခုကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ 

ထိုဟက်ကာအုပ်စုက ဘရူနိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ အစိုးရဌာနများ၊ ထိုင်းနိုင်ငံရှိ စစ်ဘက်ဆိုင်ရာဌာနတစ်ခု၊ ဗီယက်နမ်နိုင်ငံရှိ အကျိုးအမြတ်မရှာသည့် အဖွဲ့အစည်း NGO တစ်ခုနှင့် ဘယ်လ်ဂျီယံနိုင်ငံမှ ပညာရေးအဖွဲ့အစည်းတစ်ခုကို hack လုပ်ခဲ့ကြောင်း သိရသည်။

ယခင်သိရှိထားသော အရှေ့တောင်အာရှနှင့် ဥရောပရှိ ပစ်မှတ် (၈) ခုအပြင် ဟက်ကာအုပ်စုက ယခု ပစ်မှတ် (၅) ခုကိုပါ တိုးချဲ့၍ ပစ်မှတ်ထားလာသည်ကို တွေ့ရကြောင်း Group-IB က ၂၀၂၃ခုနှစ် မေလ (၃၁) ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပြောထားသည်။ 

အစိုးရနှင့် စစ်ဘက်အဖွဲ့အစည်းများမှာ ၎င်းတို့၏ ကွန်ရက်ပေါ်တွင် လျှို့ဝှက်အဆင့်နှင့် အရေးပါသည့် ထိလွယ်ရှလွယ် အချက်အလက်များ တင်ထားလေ့ရှိရာ ဟက်ကာများ၏ အဓိက ပစ်မှတ်များဖြစ်နေကြောင်း သိရသည်။

 

Source: Bloomberg