ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားအစိုးရအား ဆန့်ကျင်သည့် ရုရှားပြည်သူ (၂၅၀)ထက် မနည်း ထပ်မံ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း ၂၀၂၂ ခုနှစ် မတ်လ (၁၃) ရက်နေ့က Aljazeera သတင်းက ဖေါ်ပြထားသည်။
ကျူးကျော်စစ်ကို ဆန့်ကျင်ကန့်ကွက်ကြသည့် ပြည်သူများက ရုရှားနိုင်ငံတွင်း မြို့ပေါင်း (၂၃)မြို့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြရာ ရဲများက ပြည်သူ (၂၆၈)ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း စောင့်ကြည့်မှတ်တမ်းပြုစုနေသည့် OVD က စာရင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်အထိ ရုရှားနိုင်ငံတဝန်းမှ ပြည်သူ (၅,၀၀၀)ကျော်ထက်မနည်းမှာ ကျူးကျော်စစ် ဆန့်ကျင်မှုဖြင့် ဖမ်းဆီးခံထားကြရခြင်းဖြစ်သည်။
ယူကရိန်းကို ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့က စတင်ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ ကုလအပါအဝင် နိုင်ငံတကာမှ ကန့်ကွက်ရှုတ်ချမှုများအပြင် ရုရှားပြည်သူများကိုယ်တိုင်ကပါ ကန့်ကွက်ရှုတ်ချမှုများဖြင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
Source: Aljazeera
Photo: reuters