ထိုင်းနိုင်ငံမှ လေကြောင်းဖြင့် ထွက်ခွာသူများ Mask အခုရေ (၃၀)ထက်ပို မယူရန် သုဝဏ္ဏဘူမိ လေဆိပ်က နားလည်မှု လွဲမှား ကြေညာ

Photo: Bangkok Post
Photo: Bangkok Post
ထိုင်းနိုင်ငံမှ လေကြောင်းဖြင့် ထွက်ခွာသူများ Mask အခုရေ (၃၀)ထက်ပို မယူရန် သုဝဏ္ဏဘူမိ လေဆိပ်က နားလည်မှု လွဲမှား ကြေညာ
ဖေဖော်ဝါရီ 6, 2022 | နိုင်ငံတကာသတင်း| Covid-19

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်က နိုင်ငံမှထွက်ခွာသွားသူများ နှာခေါင်းစည်း (Mask) အခုရေ (၃၀) ထက် ပိုယူခွင့်မပြုသည့်ကြေညာချက်ကို AOT( Airport of Thailand )က နားလည်မှု လွဲမှားကြေညာမိခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် သတင်းဖေါ်ပြထားသည်။

လေဆိပ်၏ လူမှုကွန်ယက်မှတစ်ဆင့် ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် လေဆိပ်မှ ထွက်ခွာမည့်သူများအနေဖြင့် နှာခေါင်းစည်းအခုရေ (၃၀) ထက်မပိုရန်နှင့် အဆိုပါ အရေအတွက်ထက် ပိုပါက ကျန်းမာရေးထောက်ခံချက်လိုအပ်မည်ဟု ဖေါ်ပြထားရာ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုအများအပြား ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက်အရ နှာခေါင်းစည်းများ တင်ပို့ခြင်းကိုလည်း တားမြစ်ထားပြီး ချိုးဖေါက်သူအနေဖြင့် ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်မည့်အပြင် ငွေဒဏ် ဘတ် (၁) သိန်းကျော်အထိလည်း အရေးယူနိုင်မည်ဖြစ်သည်။

ကြေညာချက်ပါ ရက်စွဲတွင် ၂၀၂၀ ခုနှစ်ဟု ဖေါ်ပြထားသဖြင့် သတင်းအချက်အလက်ကို အချိန်နှင့်တပြေးညီထုတ်ပြန်ရန် အပါအဝင် ဝေဖန်မှုများလည်းထွက်လာပြီးနောက် လေဆိပ်၏ ဖေ့စ်ဘုတ်အကောင့်မှ အဆိုပါကြေညာချက်ကို ပြန်လည်ဖြုတ်ချသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်မှာ ၂၀၂၀ ခုနှစ်က နှာခေါင်းစည်းများ ပြတ်လပ်မည့်အခြေအနေ မဖြစ်စေရေးအတွက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လေဆိပ်ကုမ္ပဏီသို့ ပေးပို့ထားခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် ပြီးခဲ့သည့်လကမှ ရောက်ရှိလာခဲ့၍ နားလည်မှုလွဲမှားကာ ကြေညာခဲ့ခြင်းဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူဖြစ်သည့် Kittipong Kittikachorn က ပြောကြားထားသည်ဟု သိရသည်။

လက်ရှိထိုင်းနိုင်ငံ၏ အခြေအနေမှာ နှာခေါင်းစည်းပြတ်လည်မည့်အခြေအနေ မရှိဘဲ လုံလုံလောက်လောက်ရှိနေ၍ ထုတ်ပြန်ချက်အား ပြန်လည်ဖြုတ်ချရန် သက်ဆိုင်ရာတာဝန်ရှိသူများကို လေဆိပ်ကို အကြောင်းကြားခဲ့၍ ထုတ်ပြန်ချက်ကို ပြန်လည်ဖြုတ်ချထားခြင်းဖြစ်သည်ဟု သိရသည်။ 

#TachileikNewsAgency

Source: Bangkok Post