တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း နိုင်ငံရေးအရ ဆွေးနွေးမည် မဟုတ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့၌ ထုတ်ပြန်ကြေညာလိုက်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အထူးအစည်းအဝေးဖြင့် ဆုံးဖြတ်ပြီးနောက် ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။
Tachileik News Agency
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #Tachileik #Myanmar #MyanmarNews #MyanmaronlineNews