စားသောက်ဆိုင်တွေမှာ Covid-19 ကာကွယ်ဖို့ ဘယ်လို ပြင်ဆင်မလဲ

COVID 19 ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ် သယ်ဆောင်ထားသူတစ်ဦးနှင့်အတူ (၆) ပေအတွင်း (၁၅) မိနစ်နှင့် အထက်ရှိနေရင် ကူးစက်ခံရနိုင်ချေရှိတာကြောင့် စားသောက်ဆိုင်လို နေရာကနေ လူအများအပြား COVID 19 ကူးစက်မှုမဖြစ်စေဘဲ လုပ်ငန်းလည်ပတ်နိုင်မည့် နည်းလမ်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပါသည်။