တောင်သူများအား သံလွင်သစ္စာအဖွဲ့က ဥပဒေအသိပညာပေးမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးရွာ ၇၉ ရွာတွင် လုပ်ဆောင်နေ

တောင်သူများအား သံလွင်သစ္စာအဖွဲ့က ဥပဒေအသိပညာပေးမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးရွာ ၇၉ ရွာတွင် လုပ်ဆောင်နေ
ဒီဇင်ဘာ 1, 2016
By Tachileik News Agency

တောင်သူများ လယ်ယာကဏ္ဍဆိုင်ရာဥပဒေရေးရာများ နားလည်စေရန်  ဆောင်ရွက်ပေးနေသည့် အရပ်ဖက် အဖွဲ့အစည်းဖြစ်ပြီး ဥပဒေရေးရာအထောက်အကူပြုအဖွဲ့ဖြစ်သည့် သံလွင်သစ္စာအဖွဲ့က တာချီလိတ်ခရိုင်အတွင်းမှ ကျေးရွာပေါင်း (၇၉)ရွာတွင် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ ကျေးရွာအုပ်စု (၃)ခုနှင့် မိုင်းဖြတ်မြို့နယ် ရှိ ကျေးရွာအုပ်စု (၈)ခုတို့မှ ကျေးရွာပေါင်း (၇၉)ရွာအား စီမံချက် ဧရိယာအဖြစ်သတ်မှတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“ဒီဆွေးနွေးပွဲကိုလုပ်ရခြင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ဥပဒေအထောက်အကူပြုကွန်ရက်များ ချိတ်ဆက်ဖို့ပါ။  ဥပဒေအထောက်အကူပြုသူတွေရဲ့ အခန်းကဏ္ဍက လူသိနည်းနေတယ်။ ဒါကြောင့် သူတို့ရဲ့ အခန်းကဏ္ဍက ပိုမိုမြင့်မားလာဖို့အတွက်ရယ် ၊ နောက်ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ CSO အရပ်ဖက် အဖွဲ့စည်းတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ လုပ်နိုင်တဲ့ဟာတွေပေါ့၊ ” ဟု သံလွင်သစ္စာ (ရှမ်းပြည်နယ်အရှေ့ပိုင်း)မှ ဒါရိုက်တာ ဦးတင်မြင့်ဝင်းက ပြောသည်။

ဥပဒေအထောက်အကူပြုကွန်ရက်များ ချိတ်ဆက်နိုင်ရန်အတွက် သံလွင်သစ္စာ (ရှမ်းပြည်နယ် အရှေ့ပိုင်း)မှ မြန်မာ နိုင်ငံလုံးဆိုင်ရာ ဥပဒေအထောက်အကူပြုကွန်ရက်အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ၏ (၂၆)ရက်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကျင်းပခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလကဖွဲ့စည်းခဲ့သော သံလွင်သစ္စာအဖွဲ့သည် အဓိကအားဖြင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကဲ့သို့ လယ်ယာမြေကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေပိုင်းဆိုင်ရာများကို တောင်သူများ သိရှိနားလည်ကြစေရန် ကူညီဆောင်ရွက်ခြင်းဖြင့် တောင်သူများအနေဖြင့် ၎င်းတို့၏အခွင့်အရေး၊ လုပ်ပိုင်ခွင့်များ မဆုံးရှုံးစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သံလွင်သစ္စာဥပဒေရေးရာအထောက်အကူပြုအဖွဲ့အနေဖြင့် ကျေးရွာများအလိုက် ဒေသခံဥပဒေ အထောက်အကူပြု (၁၅)ဦးစီပါဝင်သည့်အဖွဲ့များဖြင့် တောင်သူများအား ဥပဒေဆိုင်ရာအသိပညာပေးမှုများ လက်ဆင့်ကမ်း လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~