e

e
နိုဝင်ဘာ 23, 2016
By Tachileik News Agency

သံလွင်မြစ်ကူး တာဆန်းကြိုးတံတားဂိတ် နှင့် အမှတ်(၂၄၉)တပ်ရင်းဂိတ်တို့အား ညပိတ်ချိန်တိုးမြင့်ပေးနိုင်ရန် လွှတ်တော်တွင် မေးမြန်းရာ ကာကွယ်ရေးဒုဝန်ကြီးမှ လုံခြုံရေးကို အဓိက ဦးစားပေးဆောင်ရွက်လျှက်ရှိသည့်အတွက် မူလသတ်မှတ်ချိန်အတွင်းသာ ဖြတ်သန်းသွားလာနိုင်မှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားလိုက်သည်။

နိုဝင်ဘာလ(၂၂)ရက်နေ့က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက မေးမြန်းရာ ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည် ဖြေကြားလိုက်ခြင်း ဖြစ်သည်။

နေ့စဉ်ပြည်သူများ နှင့် ခရီးသွားများ ဖြတ်သန်းသွားလာနေသည့် သံလွင်မြစ်ကူးကြိုးတံတားဂိတ် နှင့် အမှတ်(၂၄၉)တပ်ရင်းဂိတ်တို့အား နံနက်(၆)နာရီမှ ည(၆)နာရီအထိ ဖွင့်လှစ်ပေးနေရာမှ ညနေ(၈)နာရီအချိန်အထိ အချိန်တိုးမြှင့်၍ ဖြတ်သန်းသွားလာခွင့် ပြုနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဦးက မေးမြန်းခြင်း ဖြစ်သည်။

"မိုင်းတုံနယ်မြေ နှင့် မိုင်းပန်နယ်စပ် ဆက်စပ်နယ်မြေများသည် အညိုရောင်နယ်မြေအချို့ရှိပြီး၊ အချိန်မရွေး အနက်ရောင်နယ်မြေအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြင်းကြောင့် လုံခြုံရေးကို အဓိက ဦးစားပေး ဆောင်ရွက်လျှက်ရှိသည့်အတွက် လုံခြုံရေးပေါ့ဆမှုကြောင့် ဆက်သွယ်မှုပြတ်တောက်ခြင်း ဖြစ်စေမှုကို  လျစ်လျူရှု၍ မရသည့် အခြေအနေဖြစ်ပါသောကြောင့် မူလသတ်မှတ်ချိန်အတွင်းသာဖြတ်သန်းသွားလာခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်
ကြောင်း"ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

မိုင်းတုံ - မိုင်းပန် ဆက်သွယ်ရေးလမ်းဖြစ်သည့် သံလွင်မြစ်ကူးတာဆန်း ကြိုးတံတားသည် အရှည်ပေ(၉၀၀)ရှိပြီး တံတားအား တစ်စုံတစ်ရာ ပျက်စီးမှုမရှိရေးအတွက် လုံခြုံရေးများကို အလေးထားဆောင်ရွက်ထားရှိပြီး၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေးအတွက် တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေးကြပ်မတ်ဆောင်ရွက်နေလျှက်ရှိရာမှ ၂၀၁၄ခုနှစ်မှ စ၍ ယနေ့အထိ အဆိုပါ တံတားပေါ်မှ ဖြတ်သန်းမည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~