တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ တဆင့္ မယ္ဆိုင္ၿမိဳ႕သို႔ ၀င္ေရာက္သူ အမ်ဳိးသားတစ္ဦးသည္ ထိုင္းအ၀င္တြင္ စာအုပ္တံဆိပ္တံုး မရိုက္မိသည့္အတြက္ ႏို၀င္ဘာလ(၂၁)ရက္ေန႔ နံနက္ပိုင္းက ထိုင္းဘက္မွ ထိုင္းလ၀က ဥပေဒျဖင့္ အေရးယူခံရႏိုင္မႈႏွင့္ ႀကံဳေနစဥ္ CNCMC ႏွင့္ ထိုင္းဘက္တာ၀န္ရွိသူတို႔ ညႇိႏႈိင္းရာမွ အေရးယူမႈမွ ကင္းလြတ္ခဲ့ေၾကာင္း သိရသည္။
"CNCMC ကို ဆက္သြယ္အကူအညီေတာင္းခံလာလို႔ ဒီေန႔ နံနက္ကပဲ သြားေရာက္ၿပီးေတာ့ ထိုင္းဘက္တာ၀န္ရွိသူနဲ႔ ညႇိႏႈိင္းေဆာင္ရြက္တဲ့အခါမွာ ျပန္လြတ္လာခဲ့ပါတယ္"ဟု ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ (CNCMC)မွ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ေန ကိုေက်ာ္သူႏိုင္သည္ ႏို၀င္ဘာလ(၂၀)ရက္ေန႔က တာခ်ီလိတ္မွ တဆင့္ မယ္ဆိုင္ၿမိဳ႕သို႔ ၀င္ေရာက္ၿပီး ႏို၀င္ဘာလ(၂၁)ရက္ေန႔ နံနက္ပိုင္းတြင္ မယ္ဆိုင္ၿမိဳ႕မွ တဆင့္ တာခ်ီလိတ္သို႔ ျပန္လာရန္ မယ္ဆိုင္ဂိတ္ေပါက္၌ တံဆိပ္တံုးထုရာမွ မယ္ဆိုင္အ၀င္ တံဆိပ္တုံး မထုထားေၾကာင္း ေပၚေပါက္သည့္အတြက္ ထိုင္းဘက္မွ အေရးယူေဆာင္ရြက္ရန္ ျပင္ဆင္ေနရာမွ အဆိုပါေန႔၏ နံနက္ပိုင္းမွာပင္ အဆင္ေျပသြားခဲ့ျခင္း ျဖစ္သည္။
"တာခ်ီလိတ္ကေန ထိုင္းကို ၀င္ရင္၊ တံတားကူးစာအုပ္ တံဆိပ္တုံးထုဖို႔လိုပါတယ္၊ တံဆိပ္တံုးမထုပဲ ေနရင္ ထိုင္းထဲမွာ တရားမ၀င္ေရာက္လာတယ္လို႔ မွတ္ယူၿပီး ထိုင္းလဝက နယ္စပ္ျဖတ္ေက်ာ္ခြင့္
ဥပေဒအရ ဖမ္းဆီးထိန္းသိမ္းႏိုင္ေၾကာင္း ထိုင္းဘက္က ေျပာပါတယ္၊ တံဆိပ္တံုးထုဖို႔ မေမ့ၾကဖို႔ လိုပါတယ္"ဟု ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕ေရာက္ ျမန္မာႏိုင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏႈိင္းေရးေကာ္မတီ (CNCMC)မွ ဦးထြန္း(မယ္ဆိုင္)က ေျပာသည္။
ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ တရားမ၀င္နည္းလမ္းျဖင့္ ေရာက္ရွိေနထိုင္သူ မည္သည့္ႏိုင္ငံသားကိုမဆို ထိုင္းလဝက နယ္စပ္ျဖတ္ေက်ာ္ခြင့္ ဥပေဒအရ အေရးေဆာင္ရြက္မႈမ်ား ျပဳလုပ္ေလ့ရွိေၾကာင္း သိရွိရသည္။
ဓာတ္ပံု - CNCMC
"CNCMC ကို ဆက်သွယ်အကူအညီတောင်းခံလာလို့ ဒီနေ့ နံနက်ကပဲ သွားရောက်ပြီးတော့ ထိုင်းဘက်တာဝန်ရှိသူနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ပြန်လွတ်လာခဲ့ပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)မှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်နေ ကိုကျော်သူနိုင်သည် နိုဝင်ဘာလ(၂၀)ရက်နေ့က တာချီလိတ်မှ တဆင့် မယ်ဆိုင်မြို့သို့ ဝင်ရောက်ပြီး နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် မယ်ဆိုင်မြို့မှ တဆင့် တာချီလိတ်သို့ ပြန်လာရန် မယ်ဆိုင်ဂိတ်ပေါက်၌ တံဆိပ်တုံးထုရာမှ မယ်ဆိုင်အဝင် တံဆိပ်တုံး မထုထားကြောင်း ပေါ်ပေါက်သည့်အတွက် ထိုင်းဘက်မှ အရေးယူဆောင်ရွက်ရန် ပြင်ဆင်နေရာမှ အဆိုပါနေ့၏ နံနက်ပိုင်းမှာပင် အဆင်ပြေသွားခဲ့ခြင်း ဖြစ်သည်။
"တာချီလိတ်ကနေ ထိုင်းကို ဝင်ရင်၊ တံတားကူးစာအုပ် တံဆိပ်တုံးထုဖို့လိုပါတယ်၊ တံဆိပ်တုံးမထုပဲ နေရင် ထိုင်းထဲမှာ တရားမဝင်ရောက်လာတယ်လို့ မှတ်ယူပြီး ထိုင်းလဝက နယ်စပ်ဖြတ်ကျော်ခွင့်
ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းနိုင်ကြောင်း ထိုင်းဘက်က ပြောပါတယ်၊ တံဆိပ်တုံးထုဖို့ မမေ့ကြဖို့ လိုပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC)မှ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိနေထိုင်သူ မည်သည့်နိုင်ငံသားကိုမဆို ထိုင်းလဝက နယ်စပ်ဖြတ်ကျော်ခွင့် ဥပဒေအရ အရေးဆောင်ရွက်မှုများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - CNCMC