ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ
နိုဝင်ဘာ 19, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အမျိုးသားရေးအတွက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုကို  နိုဝင်ဘာလ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ပါတယ်။

အခုလို ဆန္ဒထုတ်ဖော်ရခြင်းဟာ ပြည်ထောင်စုမြေအတွင်း အကြမ်းဖက်သမားများမရှိစေရေးအတွက် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဦးမောင်တင်မြင့်က ပြောပါတယ်။

ရခိုင်ပြည်နယ် အနောက်တံခါးမှာ အကြမ်းဖက်မှုများနဲ့ ပတ်သက်ပြီး အစပဲရှိသေးကြောင်း အဲ့ဒီအတွက် အစကတည်းက အင်တိုက်အားတိုက်ဖြင့် မောင်းထုတ်စေသင့်ကြောင်း ၎င်းက ဆိုပါတယ်။

အခုလို ဆန္ဒထုတ်ဖော်မှုဖြစ်လာရခြင်းဟာ လူအများစုဟာ ရေငုံနှုတ်ပိတ်နေ နေကြသည့်အတွက် ၎င်းအနေဖြင့် မခံချင်၍ တစ်နိုင်ငံလုံးကို အသိပေးစေချင်တဲ့အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်သမားများကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုးကြားကြပြီး ၀ိုင်းဝန်းတိုက်ဖျက်ကြဖို့အတွက် တိုက်တွန်းကြောင်း ပြောဆိုလိုက်ပါတယ်။

တာချီလိတ်မြို့မှာယခင်က လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခြင်းများ ရှိခဲ့သော်လည်း ယခုလို တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ခြင်းဟာ တာချီလိတ်မြို့ရဲ့ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~