(တင်ရန်) တောင်ကြီးမြို့ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဒေသထွက် တောင်ဖြိုသဲအသုံးနည်းလာ

(တင်ရန်) တောင်ကြီးမြို့ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဒေသထွက် တောင်ဖြိုသဲအသုံးနည်းလာ
နိုဝင်ဘာ 14, 2016
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဒေသထွက် တောင်ဖြိုသဲကို နေအိမ်ဆောက်လုပ်သူများမှလွဲပြီး ကန်ထရိုက်အဆောက်ဦလုပ်ငန်းများတွင် အသုံးပြုမှုမရှိသည့်အတွက် ဈေးကွက်ကျဉ်းလာကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒေသထွက် တောင်ဖြိုသဲနဲ့ အဆောက်အဦဆောက်ရင် အလွန်ဆုံးလေးထပ်အဆောက်အဦလောက်ပဲရတယ်။ လက်ရှိဆောက်နေတဲ့ ကန်ထရိုက်လုပ်ငန်းတွေက အထပ်အမြင့်ဆောက်တာများတော့ မသုံး ကြတော့ဘူး ။ ဒီဒေသကထွက်တဲ့ သဲနဲ့ မြေပြန်ကလာတဲ့ ပန်းရံဆရာတွေက အဆောက်အဦမဆောက်တတ်ကြဘူး” ဟု တောင်ကြီးမြို့ တောင်ဖြိုသဲ အရောင်းအ၀ယ်လုပ်ကိုင်နေသူ ကိုစောသောသီဟို က ပြောသည်။

တောင်ဖြိုသဲမှာ ဒေသအတွင်းအစဉ်အဆက်အသုံးပြုလာသည့် အိမ်ဆောက်ပစ္စည်းဖြစ်သဖြင့် ဈေးနှုန်း မပြောင်းသော်လည်း တောင်ဖြိုသဲထုတ်လုပ်ရောင်းချသူများအနေဖြင့် မြို့တွင်း၌ ထုတ်လုပ်ခွင့်မရှိတော့ဘဲ မြို့ပြင်တွင် ထုတ်လုပ်ရသဖြင့် ကုန်ကျစရိတ်ကြီးမြင့်ကာ အမြတ်နည်းလာကြောင်း သိရသည်။

“ဒေသကထွက်တဲ့ တောင်ဖြိုသဲတွေနဲ့ အိမ်အထပ်အမြင့်ဆောက်ရင် စိတ်မချရဘူး။ တောင်ဖြိုသဲက အများဆုံး လေးထပ်လောက်ပဲရတယ်။ တခြားမြို့ကလာဆောက်တဲ့ ပန်းရံဆရာတွေဆို မသုံးရဲကြဘူး။ ဒေသကလူတွေပဲ အသုံးပြုကြတယ်။” ဟု ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သူ ကိုစောမင်းက ပြောသည်။

တောင်ကြီးမြို့တွင် အထပ်မြင့် အဆောက်အဦဆောက်လုပ်ရန်အတွက် လိုအပ်သည့်သဲကို မန္တလေးမြို့မှ မှာယူအသုံးပြုလျှက်ရှိကြောင်း သိရသည်။

တောင်ကြီးမြို့ အိမ်ဆောက်ပစ္စည်းအရောင်းအ၀ယ်ဈေးကွက်အတွင်း တောင်ဖြိုသဲ တစ်ကျင်းလျှင် ကျပ်(၁၈၀၀၀)၊ ၆၉ ကျောက် တစ်ကျင်းကျပ်(၂၅၀၀၀)၊ ချီပင် ကျောက်စလစ်တစ်ကျင်း ကျပ် (၆၀၀၀၀)နှင့် တမန်းကျောက် တစ်ကျင်းလျှင် ကျပ်(၈၅၀၀၀)နှုန်းရှိနေပြီး ဒေသထွက် အုတ်တစ်လုံးလျှင် အရောက်ပို့ ကျပ်(၁၄၀) နှုန်းရှိနေကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~