မြန်မာနိုင်ငံအတွင်း ကိုရီးယား၊ အီတလီနှင့် အီရန်နိုင်ငံမှ ခရီးသွားများ ကိုရိုနာ ကင်းရှင်းကြောင်း လက်မှတ်ပါရှိမှ ဝင်ခွင့်ပြုမည်

မြန်မာနိုင်ငံအတွင်း ကိုရီးယား၊ အီတလီနှင့် အီရန်နိုင်ငံမှ ခရီးသွားများ ကိုရိုနာ ကင်းရှင်းကြောင်း လက်မှတ်ပါရှိမှ ဝင်ခွင့်ပြုမည်
မတ် 13, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ကိုရီးယား၊ အီတလီနှင့် အီရန်နိုင်ငံမှ ခရီးသွားများ ကိုရိုနာ ကင်းရှင်းကြောင်း လက်မှတ်ပါရှိမှ ဝင်ခွင့်ပြုမည်

မြန်မာနိုင်ငံသို့ လာရောက်မည့် ကိုရီးယား၊ အီတလီနှင့် အီရန်နိုင်ငံမှ ခရီးသွားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြသနိုင်မှသာ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ (၆,၀၀၀) နှင့်အထက်ရှိနေသည့် ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနှင့် အီရန်နိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဆေးစစ်ချက်လက်မှတ်အား ပြသနိုင်မှသာ သက်ဆိုင်ရာလေကြောင်းလိုင်းများမှ လိုက်ပါစီးနင်းခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

Coronavirus Disease 2019(COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းချက်အရ ပြည်ပမှ ရောဂါပိုးကူစက်ခံရသူ ခရီးသွားများ ဝင်ရောက်မှုကို ကာကွယ်နိုင်ရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့က စတင်ရပ်ဆိုင်းခဲ့ကာ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ လာရောက်မည့်ခရီးစဉ်နှင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ သွားရောက်မည့် ခရီးစဉ်များကို ရပ်ဆိုင်းထားကြရန်ကိုလည်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~