China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း ဓါတ်ခွဲခန်းအဖြေရရှိ

China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း ဓါတ်ခွဲခန်းအဖြေရရှိ
ဖေဖော်ဝါရီ 3, 2020
By Tachileik News Agency
China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသားတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းမရှိကြောင်း ဓါတ်ခွဲခန်းအဖြေရရှိ

ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံတွင် စောင့်ကြည့်ကုသနေသည့် တရုတ်နိုင်ငံသား၏ ဓါတ်ခွဲ စစ်ဆေးချက် အဖြေတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိကြောင်းတွေ့ရပြီး ၎င်းနှင့်အတူ လေယာဉ်အတူ စီးနင်းလာသည့် မြန်မာနိုင်ငံသားနှစ်ဦးလုံးမှာလည်း ကျန်းမာရေးအခြေအနေကောင်းမွန်နေသဖြင့် (၃)ဦးလုံးကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃)ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကွမ်ကျိုးလေဆိပ်မှ China Southern လေကြောင်းလိုင်း ခရီးစဉ်ဖြင့် ဇန်နဝါရီ (၃၁) ရက်နေ့က ဆိုက်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးမှာ ကိုယ်ပူချိန် အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ခဲ့ကာ နှာခေါင်းတို့ပတ်နမူနာဖြင့် ဓါတ်ခွဲခန်းပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

China Southern လေကြောင်းလိုင်း ခရီးစဉ်တွင် လိုက်ပါလာသည့် မြန်မာနိုင်ငံသားနှစ်ဦးမှလွဲ၍ ကျန်ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများသည် ပြည်တွင်းမဝင်ဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ပြီး လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးကိုလည်း ဝေဘာဂီတွင် သီးခြားထားရှိစောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ခွဲခန်းအဖြေအရ ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမရှိကြောင်းတွေ့ရပြီး (၃)ဦးလုံးမှာ ကျန်းမာရေး ကောင်းမွန်နေသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~