တရုတ်နိုင်ငံ ဝူဟန်မြို့ရောက် မြန်မာကျောင်းသားများ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြန်ရောက်ဖွယ်ရှိ

တရုတ်နိုင်ငံ ဝူဟန်မြို့ရောက် မြန်မာကျောင်းသားများ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြန်ရောက်ဖွယ်ရှိ
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

တရုတ်နိုင်ငံ ဝူဟန်မြို့ရောက်  မြန်မာကျောင်းသားများ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် ပြန်ရောက်ဖွယ်ရှိ

တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာကျောင်းသူ၊ ကျောင်းသားများကို ပြန်လည်ခေါ်ဆောင်မည့် မြန်မာအမျိုးသား လေကြောင်းလိုင်း လေယာဉ်သည် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ညနေ (၄)နာရီတွင် စတင်ထွက်ခွာပြီး မန္တလေးမြို့သို့ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက် (၁)နာရီ မိနစ် (၄၀)တွင် ပြန်လည်ရောက်ရှိဖွယ်ရှိသည်။

မြန်မာ ကျောင်းသူကျောင်းသားများကို လေဆိပ်သို့ ဘတ်စ်ကားနှစ်စီးဖြင့် ခေါ်ဆောင်ရေးအတွက် မြန်မာသံရုံးက ဝူဟန်မြို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး မြန်မာသံရုံးမှ ကောင်စစ်အရာရှိလည်း ဝူဟန်မြို့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဝူဟန်မြို့တွင် ကော်ရိုနာဗိုင်းရပ်စ်(ဝူဟန်အဆုတ်ရောင်ရောဂါ) ကူးစက်ပျံ့နှံ့နေမှုကြောင့် ဝူဟန်ရှိ မြန်မာကျောင်းသူ ကျောင်းသား (၆၃)ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးကို မြန်မာသံရုံးက ဇန်နဝါရီလ (၂၃)ရက်နေ့ကတည်းက စတင်ကြိုးပမ်းနေခဲ့ပြီးဖြစ်ပြီး မြန်မာကျောင်းသူကျောင်းသားများအား ခေါ်ဆောင်မည့် လေယာဉ်ဆင်းသက်ခွင့်ကို ဇန်နဝါရီလ (၃၁)ရက်နေ့က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~